တိုက်ကွမ်ဒို ခါးပတ်နက်ပိုင်ရှင်ဖြစ်တဲ့ အက်ရှင်မင်းသမီးယဉ်လက်ကိုအားလုံးပဲသိကြမှာပါ...။ သူမက ချစ်ဖို့ကောင်းပြီး သရုပ်ဆောင်ပိုင်နိုင်တဲ့အတွက်ကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာရရှိလာတာဖြစ်ပါတယ်...။ ယဉ်လက်က သဘာဝကျကျ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ခဲ့တာဖြစ်ပြီး drama၊ comedy စတဲ့ ဇာတ်လမ်းအမျိုးအစားတွေကိုလည်း ပိုင်နိုင်သူတစ်ယောက်ပါ....။

ယဉ်လက်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ photo shooting နဲ့၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး အခမ်းအနားဖွင့်ပွဲတွေသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ "လောကကြိုးဝိုင်း" ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားပြီး အမိုက်စားသရုပ်ဆောင်မှုတွေကို မကြာခင်ကြည့်ရှုခံစားကြရတော့မှာဖြစ်ပါတယ်...။

ယဉ်လက်က ဒဂုံတက္ကသိုလ်မှာ ဒုတိယနှစ် E major ကိုတက်ရောက်နေတာဖြစ်ပါတယ်...။ ယဉ်လက်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိပြီး အခုတစ်ခါမှာဆိုရင် "တစ်ခုခုဆို ရှေ့ကနေ ရဲရဲရင့်ရင့် ကာကွယ်ပေးမယ့် မိန်းကလေးမျိုး ကို ရွေးချယ်ပါ ...ဥပမာ...ကိုယ့်လိုမျိုးပေါ့.." ဆိုတဲ့ status လေးနဲ့အတူ post တင်ထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။