ရှမ်းတိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ နန်းစန္ဒ းာလှထွန်းကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။ လေသံအေးအေးလေးနဲ့ စကားပြောတတ်တဲ့ နန်းက ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့သူ ဖြစ်ပါတယ်။ ရေဝတီလေးလို့ လူသိများအောင်မြင်ခဲ့တဲ့ နန်းက မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ '' ငွေစက္ကူ ၇ ရွက် '' ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

အခုလည်း နန်းက ဒီဇာတ်လမ်းတွဲလေးက အမှတ်တရတစ်ချို့ကို ''မှတ်မိပါသေးတယ် အဲ့ဒီနေ့က ... မိုးရွာတာရိုက်တဲ့ Scene လေး ... ည ၉ နာရီလောက်ကနေ မနက် ၅:၃၀ လောက်ထိ မိုးရေဆိုလိုက် ရိုက်ခါနီးခြောက်သလိုဖြစ်သွားရင် ရေပြန်လောင်းလိုက် နဲ့ ရာသီဥတုကလည်း အေးတဲ့အချိန်ဆိုတော့ တော်တော်လေးတော့အမှတ်တရပဲ ... ရိုက်နေရင်း ပြီးခါနီးနောက်ဆုံး card မှာ ဘယ်ဖက်လက်တစ်ခုလုံး ထုံလာပြီး ဘာမှမခံစားရတော့လို့ ကိုယ့်ကို ဆွဲဆွဲဆိတ်ပြီး ငိုလိုက်ရတာမှတ်မိသေးတယ် အဲ့တုန်းကတော့လန့်ပြီး ဆွဲဆိတ်တာ ပြီးတော့ အမာရွတ် ကျန်လို့ .. ပြီးတော့ဆေးသွင်းလိုက်ရတယ် ...

"အမှတ်တရတွေအများကြီးပါ ငွေစက္ကူ ၇ ရွတ် ... ယုံကြည်ပါတယ် ဒီဇာတ်လမ်းကနေ မှတ်သားစရာတွေရလိုက်မယ်လို့ ... ကျေးဇူးတင်စကားတွေ စာစီဖွဲ့ကုံးပြောချင်ပေးမယ့် မပြောတတ်လို့ နားလည်ပေးပါ ... တစ်ကယ်ပါ စရိုက်ကတည်းကနေ ယခုပြသပြီးသွားတဲ့အချိန်ထိ သက်ဆိုင်သူများအားလုံးနှင့် ဖန်သားပြင်နောက်ကွယ်ကနေရော ပါဝင်ပတ်သတ်ခဲ့တဲ့သူတွေ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် ... အမြဲတမ်းမပျက် အားပေးကြည့်ရူကြသူရောကျေးဇူးအထူးပါ ... နောက်ထပ် မတူတဲ့ Character အသစ်နဲ့ ပရိတ်သတ်ရှေ့ကို ထပ်ရောက်လာနိုင်အောင် ကြိုးစားသွားမှာပါ .... '' ဆိုပြီး ပြောပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တစ်ကိုယ်လုံးရေတွေရွဲပြီး ရိုက်ကူးခဲ့ရတဲ့ နန်းစန္ဒာလှထွန်းရဲ့ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nan Sandar Hla Htun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။