အကဗီဒီယိုဖိုင်လေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာခေတ်စားလာပြီး အခုလက်ရှိအချိန်မှာ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်တဲ့ ဖြူဖြူထွေးကို အားလုံးပဲသိကြမှာပါ...။ သူမဟာဆိုရင် မြန်မာဝတ်စုံလေးတွေကိုရိုးယဉ်စွာဝတ်လေ့ရှိပြီး ဆွဲဆောင်မှုရှိစွာလှပနေတာဖြစ်ပါတယ်....။

ဖြူဖြူထွေးက နယ်လှည့်ဖျော်ဖြေရေးတွေလည်း လုပ်ကိုင်လေ့ရှိပြီး ကြော်ငြာမဂ္ဂဇင်းတွေနဲ့၊ photo shooting တွေကိုလည်းလက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ ဖြူဖြူထွေးရဲ့ tik tok ဗီဒီယိုဖိုင်လေးတွေဟာဆိုရင် social media ကွန်ယက်တွေမှာ trend တစ်ခုအနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်....။ မိဘအပေါ်မှာ သိတတ်လိမ္မာပြီး စိတ်သဘောထားဖြူစင်သူလေးတစ်ယောက်ဖြစ်ပါတယ်...။

ဖြူဖြူထွေးက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ရိုးရိုးလေးဆိုတော့ မဆန်းဘူးပေါ့နော်" ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်တွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Phyu Phyu Htwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။