ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီပိုင်ဖြိုးသုကတော့ ဆရာဝန်ဘွဲ့ကိုရရှိထားပေမယ့်လည်း အနုပညာကိုဝါသနာပါသူဖြစ်လို့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့အကယ်ဒမီမင်းသမီးချောလေးပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုကိုတော့ ပရိသတ်တွေ သုသု လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး အရမ်းချစ်စရာကောင်းတဲ့သူမပုံစံလေးကို ပရိသတ်တွေက နှစ်သက်ကြပါတယ်နော်။

ပိုင်ဖြိုးသုကတော့ နွေးထွေးတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပြီး ချစ်ခင်ပွန်းဏကြီးကလည်း သုသုကိုအရမ်းအလိုလိုက်ပြီး ကြင်နာယုယပါတယ်နော်။ပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့က အနုပညာအလုပ်တွေကိုလည်း အတူတူတွဲပြီးလုပ်ကိုင်ကြလို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ရှေ့သွားနောက်လိုက်ညီပါတယ်နော်။ပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ အနုပညာအလုပ်တွေကိုလည်းကြိုးစားနေကြမှာဖြစ်လို့ ပရိသတ်ကြီးကလည်း အခိုင်အမာရပ်တည်ပေးကြပါဦးနော်။

အခုဆိုရင်လည်း ပိုင်ဖြိုးသုက နယူးယောက်ကိုရောက်ရှိနေပြီး Newyork Flim Academyမှာ ၄ပတ်ကြာပညာသင်ယူနေတာဖြစ်ပါတယ်။သုသုလေးရဲ့ အနုပညာအရည်အသွေးတွေကတော့ ပိုပြီးကောင်းလာမှာဖြစ်ပြီး သုသုကလည်းအရမ်းကြိုးစားတဲ့သူပါနော်။အခုဆိုရင်တော့ စာတွေအရမ်းကြိုးစားလွန်းတဲ့သုသုက နေမကောင်းဖြစ်နေပြီး လက်မှာ အကြောဆေးသွင်းနေရကာ ကျောင်းပျက်ရတာကြောင့် စိတ်ဆင်းရဲနေတဲ့သုသုရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။