ချစ်စရာကောင်းတဲ့ သား၊သမီးများနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ ပြည်သူချစ်မင်းသားချောလေး နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းဟာ ပရိသတ်ဆွေကြားမှာ သဘာဝမင်းသားဆိုပြီး ယနေ့ထက်ထိ နာမည်ကြီးရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဇနီးနဲ့သားသမီးများရှိရာ နယူူးယောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

သူဟာ ကလေးတွေနဲ့အတူရှိနေချိန်အတွင်းမှာ ပျော်ရွှင်စရာနေ့ရက်တိုင်းကို သားသမီးတွေနဲ့အတူ ဖြတ်သန်းနေတာပါ။ နိုင်းနိုင်းဟာ သိတတ်လိမ္မာရုံမကပဲ ပညာရေးမှာလည်း ထူးချွန်ထက်မြက်တဲ့ ကလေးတွေကြောင့် ဂုဏ်ယူပီတိဖြစ်နေရတာပါ။ ကလေးတွေဟာလည်း မိခင်ဖြစ်သူရဲ့အဆုံးအမတွေကို နာခံကြတဲ့ သားလိမ္မာ၊သမီးလိမ္မာလေးတွေပဲ ဖြစ်ကြပါတယ်။

ကလေးတွေနဲ့အတူ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူ့ရဲ့ရဲဘော်များနဲ့ ယောဂလေ့ကျင့်နေတဲ့ ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေ ဖြတ်သန်းနေတဲ့ သူတို့မိသားစုလေးရဲ့ ကြည်နူးဖွယ်ရာ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Actor 99

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။