ဟာသလူရွှင်တော်လည်းဖြစ်၊ ဟာသသရုပ်ဆောင်လည်းဖြစ်တဲ့ မန်းဝင်းဟာ တစ်နှစ်ကျော်အကြာမျက်စိ မမြင်ရတာကြောင့် ရဲအောင်ရဲ့ ကူညီပေးမှုဖြင့် မနေ့က မျက်စိခွဲစိတ်ခဲ့ပါတယ်။ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ဒီတသက်ပြန်မမြင်ရတော့ဘူးထင်ထားတဲ့ မျက်စိပြန်မြင်ရလို့ အတိုင်းမသိဝမ်းသားနေပါတယ်။

ချစ်ပရိသတ်ကြီးအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ကျနော် မန်းဝင်းက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ဒီနေ့ဟာ ကျနော့်ဘဝမှာအပျော်ဆုံးနေ့ပါ။ဘယ်တော့မှ ပြန်မမြင်တော့ဘူးလို့ ထင်ထားတဲ့ မျက်လုံး မမျှော်လင့်ဘဲ ပြန်မြင်ခဲ့ရပြီ။ကျနော့်ကို စက္ကုအာရုံအလင်းဆောင်ပေးတဲ့ မျက်စိအထူးကုဆရာဝန်ကြီးကို ကျနော်မန်းဝင်းမှ အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်ပါတယ်။ကျနော် မျက်စိခွဲစိပ်ကုသဖို့အတွက် အားကြိုးမာန်တက် အစစအရာရာ လူပင်ပန်း စိတ်ပင်ပန်းခံ အစ အလယ် အဆုံး အသေးစိတ်အထိ လိုလေသေးမရှိ ကူညီပေးပါသော ပြည်သူချစ်မင်းသားချော အကယ်ဒမီကိုရဲအောင် အထူးအထူး ကျေးဇူးတင်ပါတယ်။

ဘယ်တော့မှခေါ်မရတဲ့သမီးကြီး ဟေမာမန်းဝင်းဖုန်းကို စိတ်ရှည် လက်ရှည် ဖုန်းခေါ်ပြီး သတင်းကောင်း ပြောပေးတဲ့ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံကိုလဲ ကျေးဇူးတင်ပါတယ်။အိမ်မှဆေးရုံ ဆေးရုံမှအိမ် မငြီးမငြူ စိတ်ရှည်လက်ရှည် ကားမောင်းပို့ပေးတဲ့ ကားဆရာလေး မောင်မြင့်လွင်(ကိုရဲ bestman) ကိုလဲ ကျေးဇူးတင်ပါတယ်။grand hantha international hospital မှဆရာ ဆရာမ များနှင့်တကွ ဝန်ထမ်းများအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။နောက်ထပ်ကျေးဇူးတင်ရမှာကတော့ cele yatkwat.သူ့အင်တာဗျူးကြောင့် ကျနော်ခုလို မျက်စိခွဲဖို့အထိ ဖြစ်လာရတာ။ဒါကြောင့် ဦးမန်းကို အင်တာဗျူးတဲ့ သမီးလေးကိုလဲ ကျေးဇူးတင်ပါတယ်(ဦးမန်းနာမည်မသိလို့နော်)။သမီးလေး ကျန်းမာချမ်းသာပါစေ။အနယ်အနယ်အရပ်ရပ်မှ ဆုတောင်းမေတ္တာပိူ့သပေးတဲ့ ကျနော့်ကျေးဇူးရှင် ချစ်သောပရိသတ်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ဖို့ကျန်ခဲ့ရင်လဲ ခွင့်လွှတ်ပေးကြပါ။ကျနော် မျက်လုံးပြန်မြင်ရပြီဆိုတော့ အနုပညာအလုပ် ပြန်လုပ်ချင်သေးတယ်။ပရိသတ်ကြီး ကျနော့်ကိုအားပေးဦးမှာလား။အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကပ်ကြီးသုံးပါးကျော်နိုင်ကြပါစေ ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:မန်းဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။