ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာအပြင် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ရရှိထားကြတဲ့ အနုပညာရှင်ဆယ်လီ စုံတွဲတွေမှာ အဆိုတော် စိန်လင်းနဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေကြတာ တွေ့ရပါတယ်နော်..။

စိန်လင်းနဲ့ ပိုးကြာဖြူခင်တို့ကတော့ အခုလတ်တလောမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်အလှှူခံထွက်နေကြတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။

Gandamar whole sale ရှေ့ ရေဘေးအတွက် ရေဘေးအတွက် အလှူခံနေကြတာဖြစ်ပြီး ကရင်ပြည်နာ် ကြာအင်းဆိပ်ကြီးမှာ ရေဘေးသင့်ပြည်သူတွေအျွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ငွေသားတွေကို သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်နော်..။

အရမ်းပီတိဖြစ်ရတယ်ဆိုပြီးတော့လည်း အလှူခံသွားခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း မင်းသမီးချောလေး ပိုးကြာဖြူခင်က ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

"ဒီညနေ Gandamar whole sale ရှေ့ ရေဘေးအတွက် အလှူကောက်ခံခဲ့တဲ့ပုံရိပ်လေးတွေပါ အရမ်းပီတိဖြစ်ရပါတယ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မှာ တနင်္ဂနွေနေ့ ငွေသားရော ပစ္စည်းပါ ကိုယ်တိုင် သွားလှူပါမယ် ပရိတ်သတ်များအားလုံး သာဓုခေါ် အပျော်တွေမျှဝေရအောင် ပုံလေးတွေ တင်ပေးလိုက်ပါတယ်ရှင်.." ဆိုပြီး ပရိသတ်တွေကို ပြောပြထားပါသေးတရ်နော်..။

Photo - ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။