သရုပ်ဆောင် မင်းသားချောလေး နေတိုးကတော့ ယနေ့အချိန်အထိ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရယူထားနိုင်တဲ့ ပြည်သူ့အချစ်တော်လေး ဖြစ်ပါတယ်။ ထို့အတူ အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေကလည်း ကလေးနှစ်ယောက်အမေဆိုပေမယ့် ငယ်ရွယ်နုပျိုတဲ့အလှတရားတွေနဲ့ မြင်သူတိုင်းချစ်ရတဲ့ ရွှေမင်းသမီးလေး ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်လေးတွေဖြစ်တဲ့ သူတို့နှစ်ယောက်က အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်ကြတဲ့ အနုပညာမောင်နှမတွေပဲ ဖြစ်ပါတယ်။

မနေ့ကမန္တလေးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စိန်နန်းတော် ရတနာရွှေဆိုင်ရဲ့ ဈေးရောင်းပွဲအခမ်းအနားကိုလည်း နေတိုးနဲ့ ချစ်သုဝေတို့က အတူတက်ရောက်ခဲ့ကြပါတယ်။ နေတိုးကလည်း ခမ်းနားသပ်ရပ်တဲ့ ဖက်ရှင်နဲ့ စမတ်ကျကျ ချောမောနေသလို ချစ်သုဝေကလည်း ဆန်းသစ်လှပတဲ့ ပွဲတက်ဂါဝန်လေးနဲ့ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ အတူလက်တွဲကာ ပွဲတက်လာကြတဲ့ နေတိုးတို့အနုပညာမောင်နှမကိုတော့ ပွဲလာသူပရိသတ်တွေက ဝိုင်းဝန်းချစ်ခင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုလည်း နေတိုးနဲ့ ချစ်သုဝေက စိန်နန်းတော်ရဲ့ ဈေးရောင်းပွဲအခမ်းအနားလေးက အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ ချစ်သုဝေကတော့ '' အမြဲနွေးထွေးတဲ့ Treza ရဲ့မန္တလေး '' ဆိုပြီး နေတိုးနဲ့အတူ ပွဲတက်ခဲ့တဲ့ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းနေတဲ့ နေတိုးနဲ့ ချစ်သုဝေရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nay Toe & Chit Thu Wai;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။