ရွှေအိမ်စည်ကတော့ ပြစ်မျိုးမှဲ့မထင်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အကြည့်တွေကအစ စူးရှတောက်ပနေတတ်တဲ့ ရွှေအိမ်စည်က ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ 

ယခုမှာတော့ ရွှေအိမ်စည်တစ်ယောက် အခုရက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်က ကျဆုံး (၉) ဦး၊ ဒဏ်ရာရ (၁) ဦး၊ ရဲတပ်ဖွဲ့က ကျဆုံး (၃) ဦး၊ ဒါဏ်ရာရ (၂) ဦး၊ အပြစ်မဲ့ အရပ်သူ အရပ်သား သေဆုံး (၃) ဦး၊ ထိခိုက်ဒဏ်ရာရ (၁၀) ဦး စုစုပေါင်း ကျဆုံး/သေဆုံး (၁၅) ဦး၊ ဒဏ်ရာရ (၁၃) ဦး ရှိခဲ့တာ ကြားသိရလို့ များစွာ စိတ်ထိခိုက်မိကြောင်း ပြောပြလာခဲ့ပါတယ်။

သူမကတော့ " အခု ရက်ပိုင်းအတွင်း အကြမ်းဖက် သောင်းကျန်းသူတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်မတော်က ကျဆုံး (၉) ဦး၊ ဒဏ်ရာရ (၁) ဦး၊ ရဲတပ်ဖွဲ့က ကျဆုံး (၃) ဦး၊ ဒါဏ်ရာရ (၂) ဦး၊ အပြစ်မဲ့ အရပ်သူ အရပ်သား သေဆုံး (၃) ဦး၊ ထိခိုက်ဒဏ်ရာရ (၁၀) ဦး စုစုပေါင်း ကျဆုံး/သေဆုံး (၁၅) ဦး၊ ဒဏ်ရာရ (၁၃) ဦး ရှိခဲ့တာ ကြားသိရလို့ များစွာ စိတ်ထိခိုက်မိပါတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များကိုလည်း လေးစားဂုဏ်ပြုလိုက်ပါတယ်။များမကြာမီ ကျန်ရစ်သူ မိသားစုများအတွက် အားပေးလှူဒါန်းမှု တစ်ခု ပြုလုပ်သွားပါမယ်။နိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေ။ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:ရွှေအိမ်စည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။