ကြည်နူးစရာကောင်းတဲ့ဇနီးမောင်နှံအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတာကတော့ ရွှေထူးတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ဝါသနာပါရာအနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေကြသူတွေပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်းရိုမက်တစ်ဆန်ကြတာတွေဟာလည်း မြင်ရသူအဖို့ ကြည်နူးစရာကောင်းလှပါတယ်။ 

သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်အချစ်တွေပိုတာကြောင့်ပရိသတ်တွေအားကျနေရတာပါ။ သူတို့ရဲ့တစ်ယောက်ပေါ်တစ်ယောက်ဂရုစိုက်မှုလေးတွေကလည်းကြည့်နေတဲ့ပရိသတ်တွေအပေါ်ကြည်နူးမှုတွေပေးနိုင်တာပါ။အနုပညာအလုပ်တွေကိုလည်းနှစ်ယောက်တူတူကြိုးစားရင်အောင်မြင်ကျော်ကြားနေတာပါ။

လတ်တလောမှာတော့ ရွှေထူးဟာ " စစ်ကား " ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံကတော့ ခင်ပွန်းဖြစ်သူရဲ့ရှုတင်ထိအပင်ပန်းခံကာသွားရောက် စောင့်နေခဲ့တာပါ။ သူမရဲ့ Facebook myday တွင်လည်း "ကလေးရှုတင်လိုက်စောင့်ပေး " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေရော ဒီဇနီးမောင်နှံရဲ့ချစ်ခြင်းတွေကို အားမကျကြဘူးလား.........။

Photo - Shwe Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။