သီချင်းများကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုတတ်သူကတော့ အဆိုတော်မလေးပိုပိုပဲ ဖြစ်ပါတယ်။ သူမဟာ ဝါသနာပါရာဂီတအလုပ်ကိုကြိုးစားလုပ်ကိုင်သူဖြစ်တာကြောင့် ယနေ့ချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်အဖြစ် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ သူမရဲ့လက်ရှိအချစ်ရေးလေးကို Facebook myday လေးမှာ အခုလိုပဲရေးသားထားတာပဲ ဖြစ်ပါတယ်။ 

" မင်းကိုချစ်တဲ့စိတ်နဲ့ အဆိုတော်တောင်မလုပ်ပဲ နိုင်ငံခြားမှာသွားနေတော့မယ်ဆိုပြီး တကယ်ကိုအရူးထခဲ့သေးတာ ငါ့ကိုလက်မလျော့လိုက်ပါနဲ့လို့ ပြောခဲ့တဲ့စကားကို ယုံခဲ့သေးတာ နောက်ဆုံးနင်ပဲ ထားပစ်ခဲ့တာ......... X’MAS present အတွက် ကျေးဇူးတင်ပါတယ် အချစ်နောက်ဘဝများရှိခဲ့ရင် မင်းအနားမှာ နေချင်တာ

Show အတူတူကြည့်ချင်တဲ့စကားတွေ Europe သွားဖို့စီစဉ်ခဲ့သမျှတွေ တကယ်တော့ အကုန်အရူးထခဲ့တာပဲ.....But ငါပျော်တယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပိုပိုတစ်ယောက်အချစ်ရေးမှာအမြန်ပြန်လည်ပြီး အဆင်ပြေစေရန် ဆုတောင်းပေးကြပါဦးနော်။

Source- Po Po Singer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။