ပရိသတ်ကြီးရေ မော်ဒယ်လ်ချောချောလေး တစ်ယောက်ဖြစ်တဲ့ စူးရှထက်ဟာဆိုရင် သူမရဲ့ကျစ်လစ်သွယ်လျတဲ့ကောက်ကြောင်းအလှတွေက ဆွဲဆောင်မှုပိုနေတာပဲဖြစ်ပါတယ်။စူးရှထက်ကတော့ လူလည်းလှသလို စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်သူတစ်ယောက်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားတဲ့စိတ်အပြည့်ရှိတာကြောင့် အခုဆိုရင်လည်း မွန်ပြည်နယ်ရေဘေးအတွက် ကိုယ်တိုင်အလှူထွက်ခံကာ သွားရောက်လှူဒါန်းမယ့်အကြောင်းကို အောက်ပါအတိုင်းရေးသားထားပါတယ်နော်။

အရေးပေါ်ကယ်ဆယ်ရေးကာလ လည်းငြိမ်သွားပြီဆိုတော့မွစိတို့ ပြန်လည်ထူထောင်းရေးကာလ မှာ တတ်နိုင်တဲ့ဘက်ကလှူဒါန်းဖို့အတွက် ပြင်ဆင်နေပါပြီ။ပျက်စီးသွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ အနိဌာအာရုံတွေကြားက နိုးမထလာသေးတဲ့စိတ်ပိုင်းဆိုင်ရာကျဆုံးမှှုတွေကို တတ်နိုင်တဲ့လှူဒါန်းမှုလေးနဲ့အတူအားပေးစကားလေးတွေပြောရင်းစိတ်ဓာတ်ခွန်အားလေးတွေပေးချင်ပါတယ်။

စူးရှကိုယ်တိုင်သွားရောက်လှူဒါန်းသွားမှာပါကျေးရွာများအထိ လှူဒါန်းဖို့အတွက်စူးရှထက်ကို အားပေးတဲ့ပရိတ်သတ်ကြီးကိုလည်းအလှူခံပါတယ်ရှင့်။အလှူငွေလည်း လိုအပ်နေသေးသလို အစားစာမုန့်ခြောက် ဆန် ဆီ စား အဓိကသောက်ရေသန့် တို့လည်း အလှူရှင်များလိုအပ်နေပါသေး ၍ဆက်သွယ်လှူဒါန်းပေးကြပါအုန်းလို့တောင်းဆိုပါတယ်ရှင်စူးရှပရိတ်သတ်ကြီး ကျန်းမာချမ်းသာပါစေ။"ဆိုပြီး စူးရှထက်ကတော့ ရေဘေးသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

Source:Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။