"မိုးကောင်ကင်အိမ်မက်" ဇာတ်လမ်းတွဲထဲမှာ အဆိုတော်မလေး ဆိုင်းမိုင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲစွဲကျန်ရစ်နေခဲ့တဲ့ Mrtv-4 မင်းသမီးပိုးကြာဖြူခင်ကိုသိကြမှာပါ....။ သူမက ချစ်ဖို့ကောင်းပြီး သရုပ်ဆောင်ကောင်းတဲ့ အတွက်ကြောင့် အချိန်တိုအတွင်းမှာပဲ တတိုင်းပြည်လုံးရှိပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိလာတာဖြစ်ပါတယ်....။

"ကြယ်ကလေးရဲ့ကောင်းကင်" ဇာတ်လမ်းတွဲမှာလည်း သူမရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တို့အနေနဲ့ရှုစားခဲ့ကြရမယ်လို့ ထင်ပါတယ်...။ ပိုးကြာဖြူခင်က စကားပြောချိုသာပြီး ပွင့်လင်းရိုးသားသူဖြစ်ပါတယ်...။ လတ်တလောမှာ ပိုးကြာဖြူခင်က ကြော်ငြာမဂ္ဂဇင်းအများအပြားနဲ့ photo shootingတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ ဇာတ်လမ်းတွဲ အသစ်တွေအတွက်လည်း ကြိုးစားပြင်ဆင်လျက်ရှိပါတယ်....။

ပိုးကြာဖြူခင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း "မြန်မာမလေး" ဆိုတဲ့ status နဲ့အတူ အလှပုံရိပ်တွေ တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Poe Kyar Phyu Khin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။