AFF U18 ဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲကနောက်ဆုံးပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့မြန်မာအသင်းတို့ပွဲစဉ်ကိုတော့ဒီနေ့မှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့သြစတြေးလျအသင်းဟာမြန်မာအသင်းကို(၂-၁)နဲ့အနိုင်ယူပြီးဗိုလ်လုပွဲတက်လှမ်းခဲ့ပါတယ်။မြန်မာအသင်းကတော့ဗိုလ်လုပွဲနဲ့ဝေးကွာပြီးတတိယနေရာလုပွဲကိုသာယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပွဲကိုပွဲစထဲကအနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။အင်အားကြီးအသင်းနဲ့ရင်ဆိုင်ရတာဖြစ်ပေမယ့်လည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့ရင်ဆိုင်ကစားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့မြန်မာအသင်းဟာဂိုးရဖို့ကြိုးစားရင်းနဲ့၁၈မိနစ်မှာဦးဆောင်ဂိုးရခဲ့ပါတယ်။ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမြန်မာအသင်းဟာပိုကစားကွက်မိလာပြီးတိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးတွေဆက်မရခဲ့ပါတယ်။ဒါကြောင့်ပထမပိုင်းအပြီးမှာမြန်မာအသင်းက၁ဂိုးအသာနဲ့ဦးဆောင်နေပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့သြစတြေးလျအသင်းဟာခြေပဂိုးရဖို့မြန်မာအသင်းကိုဖိအားပေးခဲ့ပါတယ်။ခြေပဂိုးရဖို့ကြိုးစားရင်းနဲ့ပဲသြစတြေးလျအသင်းက၅၆မိနစ်မှာခြေပဂိုးရခဲ့ပါတယ်။ခြေပဂိုးရပြီးနောက်ပိုင်းမှာသြစတြေးလျအသင်းဟာမြန်မာအသင်းကိုပိုမိုဖိအားပေးကစားရင်းနဲ့ပဲ၇၇မိနစ်မှာဦးဆောင်ဂိုးရရှိခဲ့ပါတယ်။မြန်မာအသင်းကလည်းခြေပဂိုးရဖို့ကြိုးစားရင်းနဲ့ပဲပွဲပြီးဆုံးချိန်မှာ(၂-၁)ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ဝေးကွာခဲ့ရပါတယ်။

Source:MFF

Myanmar National Team 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။