Miss Myanmar 2012 winner ဆုရှင်ဖြစ်တဲ့ နန်းခင်ဇေယျာဟာဆိုရင် ပုရိသတို့စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး စကားပြောဟန်ပြေပြစ်ချိုသာတာလည်းဖြစ်ပါတယ်။ မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်တွေရဲ့တစ်ခက်နက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သဘောထားပွင့်လင်းသူဖြစ်ပြီးချစ်စရာအမူအရာလေးတွေကြောင့်လည်း ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာကိုတွေ့ရမှာပါ။

နန်းခင်ဇေယျာဟာဆိုရင် ခရီးသွားဝါသနာပါသူဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အပန်းဖြေခရီးတွေကိုထွက်လေ့ရှိတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။သူမကိုတွေ့မြင်သမျှအချိန်တိုင်းမှာ လန်းဆန်းတက်ကြွနေပီး မိမိယုံကြည်မှုရှိရှိနဲ့အမြဲလျှောက်လှမ်းနေတာကိုလဲ တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လဲ သူမဟာသနပ်ခါးတွေပေါများတဲ့ ရွှေဘိုမြို့လေးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ရွှေဘိုမြို့လေးမှာဆိုရင် သူမချစ်တဲ့ပရိသတ်တွေကို အားအင်အပြည့်နဲ့သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အမြဲလျှောက်လှမ်းနေခဲ့တဲ့ နန်းခင်ဇေယျာဟာ ဒီကနေ့ဖျော်ဖြေပွဲလေးမှာလဲ သူမရဲ့ကိုယ်ပိုင်ဟန်လေးနဲ့ ဆွဲဆောင်မှုရှိရှိသီဆို ဖျော်ဖြေခဲ့တာကြောင့် ရွှေဘိုမြို့ကပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်နော်။သူမရဲ့ချစ်စဖွယ်သီဆိုဖျော်ဖြေနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရွှေဘိုမြို့ရဲ့လှပတဲ့ရှုခင်းနေရာလေးတွေမှာ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးမြင်တွေ့နိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Photos-Nan Khin Zayar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။