အဆိုတော်၊ သရုပ်ဆောင် ဝါဆိုမိုးဦးကိုတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ချစ်ခင်ရင်းနှီးလာခဲ့ကြမယ် ထင်ပါတယ်။ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့ပြီး တေးသီချင်းတွေလည်း သီဆိုအောင်မြင်ခဲ့တဲ့ ဝါဆိုက ပုရိသတွေရဲ့နှလုံးသားပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အလှတရားတွေနဲ့ ဖမ်းစားနိုင်စွမ်းရှိတဲ့ ဝါဆိုကိုတော့ ယောက်ျားလေးပရိသတ်တွေက အထူးအားပေးကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဝါဆိုက ပွဲအခမ်းအနားတွေ တက်ရောက်နေရပြီး ကြော်ငြာအချို့လည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တင်းရင်းကျစ်လျစ်တဲ့ ကောက်ကြောင်းအလှပိုင်ရှင်က သူမရဲ့ခန္ဓာကိုယ်လေးကို လှလှပပလေးဖြစ်စေဖို့ အားကစားပုံမှန်လုပ်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ဝါဆိုက Gym မှာ ချွေးတလုံးလုံးနဲ့ အားကစားလုပ်ပြီး ခဏအနားယူနေတာ ဖြစ်ပါတယ်။

တစ်ကိုယ်လုံး ချွေးတွေစိုရွဲနေတာတောင်မှ အလှမပျက်ဘဲ ဆွဲဆောင်မှုပိုနေတဲ့ ဝါဆိုရဲ့အလှကတော့ တကယ့်ကိုမူးမေ့သွားလောက်အောင်ပါပဲနော်။ ဝါဆိုက ဖြူဖွေးဝင်းဥတဲ့ အလှတရားတွေပေါ်လွင်နေပြီး အရမ်းကို ညို့အားပြင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပုရိသတွေရဲ့အသည်းနှလုံးကို တုန်ခါသွားစေနိုင်တဲ့ ဝါဆိုမိုးဦးရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကိုအောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Warso Moe Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။