ပရိသတ်ကြီးရေ တခေတ်တခါကအောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ TVကြော်ငြာတွေများစွာထဲကမှ ကော်ဖီမစ်ကြော်ငြာလေးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး သန္တာလှိုင်ကို အားလုံးပဲ သိကြမယ်ထင်ပါတယ်။အရပ်ရှည်ရှည် အနောက်တိုင်းဆန်ဆန်မျက်နှာပေါက်လေးကြောင့် ပရိသတ်တွေအားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး သူမရဲ့ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် ပဲ အနုပညာလောကမှာ အောင်မြင်တဲ့နေရာတစ်နေရာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သန္တာလှိုင်ဟာ ယခုလက်ရှိမှာတော့ အသက်လတ်ပိုင်းအမျိုးသမီးအရွယ်ကိုရောက်ရှိနေတာဖြစ်ပေမဲ့ သူမရဲ့စနစ်ကျလှတဲ့ စားသောက်နေထိုင်မှုပုံစံတွေနဲ့ ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့်ပဲ ယခုချိန်ထိငယ်ရွယ်နုပျိုနေတာပဲ ဖြစ်ပါတယ်။ သူမဟာ Gym ထရိန်နာလည်းပြုလုပ်လျှက်ရှိတာကြောင့် အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်းလက်ခံရိုက်ကူးလျက်ရှိနေပြီး ယခုလက်ရှိမှာဆိုရင် The Model Academy မှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်အကဲဖြတ်နေတာပဲ ဖြစ်ပါတယ်။ သူမဟာ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး မိသားစုနဲ့အတူ ခရီးသွားပုံရိပ်တွေကိုလည်း အစဉ်အမြဲတင်ဆက်ပေးလျက်ရှိတာဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လဲ သန္တာလှိုင်ဟာ သူမရဲ့လှုမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်ကြီးအတွက် အရပ်ရှည်စေမဲ့ နည်းလမ်းလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ ထို့အပြင် သူမရဲ့ အနောက်တိုင်းဆန်ဆန်လှပနေတဲ့ မျက်နှာလေးထက်မှာ အမိုက်စားပြင်ဆင်ချယ်သထားတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတချို့ကိုလဲ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။သူမရဲ့ဆွဲဆောင်မှုရှိလှတဲ့ အမိုက်စားပုံရိပ်လေးတွေကို Myanmarload ချစ်ပရိသတ်ကြီး မြင်တွေ့နိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။