AFF U18 ဆီမီဖိုင်နယ် ကိုတက်လှမ်းလာခဲ့တဲ့ မြန်မာယူ၁၈အသင်းဟာသြစတြေးလျအသင်းကို(၂-၁)နဲ့ရှုံးနိမ့်ပြီးဗိုလ်လုပွဲနဲ့ဝေးကွာခဲ့ရပါတယ်။မြန်မာအသင်းဟာဒီပွဲစဉ်မှာအာရှအင်အားကြီး သြစတြေးလျကိုအကောင်းဆုံးယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးပရိသတ်တွေလက်ခံချီးကျူးရလောက်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့တာပါ။

ပွဲစတယ်ဆိုတာနဲ့နှစ်သင်းလုံးကဂိုးရဖို့ကြိုးစားခဲ့ပြီး မြန်မာအသင်းကဂိုးပေါက်ချိန်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ချိန်းခြောက်မှုတွေလုပ်ရင်းနဲ့ပဲသြစတြေးလျအသင်းရဲ့အမှားကတစ်ဆင့်မြန်မာအသင်းဦးဆောင်ဂိုးရခဲ့ပါတယ်။ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမြန်မာအသင်းဟာကစားကွက်ကောင်းတွေကိုပိုမိုမြင်တွေ့ခဲ့ရတာပါ။သြစတြေးလျအသင်းကလည်းခြေပဂိုးရဖို့ကြိုးစားရင်းပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာသြစတြေးလျအသင်းဟာခြေပဂိုးရဖို့ကြိုးစားရင်းနဲ့မထင်မှတ်တဲ့ကန်သွင်းမှုကနေခြေပဂိုးရခဲ့ပါတယ်။ခြေပဂိုးရပြီးနောက်ပိုင်းမြန်မာအသင်းခံစစ်ကိုတောက်လျောက်ဖိအားပေးတဲ့သြစတြေးလျကပဲ ထောင့်ကန်ဘောပြန်ကျတာကနေပြီးပိတ်သွင်းယူကာဦးဆောင်ဂိုးရခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့ ခြေပဂိုးတွေရဖို့ကြိုးစားရင်းနဲ့ပဲပွဲအပြီးမှာ(၂-၁)ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒါကြောင့်မြန်မာအသင်းဟာဗိုလ်လုပွဲနဲ့ဝေးပြီး တတိယလုပွဲသာကစားရတော့မှာပါ။ပရိသတ်တွေအတွက်လည်း ကြိုးစားမှုတွေအပြည့်နဲ့မြန်မာအသင်းသွင်းဂိုးvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Myanmar National Team 

Video:Next Sport 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။