ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောကြီး ဝါဝါဝင်းရွှေကတော့ အသက်ဘယ်လောက်ကြီးကြီး အရင်တုန်းကလို လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးချစ်ရတဲ့ ဝါဝါဝင်းရွှေက ခင်ပွန်းသည်နဲ့အတူ နှစ်ပေါင်းများစွာ အတူဖြတ်သန်းလာခဲ့ရာမှ ခင်ပွန်းကဆုံးပါးသွားတာကြောင့် အတော်လေးစိတ်ထိခိုက်နေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အတန်တီဝါဝါဝင်းရွှေက ချစ်ခင်ပွန်းကို လွမ်းဆွတ်သတိရနေတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

အန်တီဝါတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်းက မကြာခင်မှာနှစ်(၅၀) ပြည့် ရွှေရတုကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အန်တီဝါက ခင်ပွန်းနဲ့အတူ ရတုအဆက်ဆက်ဖြတ်သန်းလာတဲ့ အမှတ်တရပုံလေးတွေကို သတိတရနဲ့ တင်ထားတာ ဖြစ်ပါတယ်။ အန်တီဝါက ''ဒယ်ဒီရေ ဒီနေ့ သြဂုတ်လ ၁၈ မှာနှစ် ၅၀ အကြို ရွှေရတု ကိုရောက်ခဲ့ပြီပေါ့ ခိုင်မြဲသောလက်တွေနဲ့အေးအတူ ပူအမျှ ဘဝခရီလမ်းကိုလျှောက်လှမ်းခဲ့ကြပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ ဒယ်ဒီကအရင်လက်တွဲဖြုတ်ပြီး ဘဝသစ်တခုကိုသွားနှင့်ပြီလေ

ရတုပေါင်းများစွာကိုအလှူတွေနဲ့စလို့ သားသမီး မြေး မိတ်ဆွေတွေနဲ့လည်းပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတယ် အိုနာ ကျိုးကန်း တွေ့စုံကြုံကွဲ ဖြစ်ပျက် ဆိုတဲ့တရားတွေကိုနားလည်ကျင့်သုံးရင်း အသက်ဆုံးသည်အထိ နှလုံးသားထဲမှာအမြဲရှိနေပါ့မယ် '' ဆိုပြီး ခင်ပွန်းကိုသတိရနေကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အန်တီဝါတို့ဇနီးမောင်နှံရဲ့ မမေ့နိုင်စရာအမှတ်တရပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: WarWar Win Shwe:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။