သရုပ်ဆောင် မင်းသမီးချော ခြူးလေးကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်ခဲ့သူလေးဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ပုံဖော်ဖန်တီးနိုင်တဲ့ ခြူးလေးက ဇာတ်လမ်းတွဲလေးတွေ အများဆုံးရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ ခြူးလေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးလာခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခြူးလေးက ပွဲအခမ်းအနားလေးတွေတက်ရောက်နေရသလို ဇာတ်လမ်းတွဲအသစ်တစ်ခုလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ခြူးလေးရဲ့Tik tok ဗီဒီယိုလေးတွေကလည်း အရမ်းကိုရေပန်းစားအောင်မြင်နေတာ တွေ့ရပါတယ်။ Tik Tok ဘုရင်မလေးဖြစ်တဲ့ ခြူးလေးက သူမတူတဲ့ဟာသဗီဒီယိုလေးတွေကို မကြာခဏတင်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

အခုလည်း ခြူးလေးက '' အသဲ ကွဲပြီး ဂေါက်ကြောင်ဖြစ်ပြီး ပိုပေါ လာတာ သည်းခံပေးပါ ဘယ်ချိန်က ကွဲလိုက်ပါလိမ့် အသည်းကဒါလည်း ကြောင်ခြင်း တစ်မျိုးမို့သည်းခံပေးပါ ဟုတ်ကဲ့ နောက်လည်း ဆက်ပြီး အသဲ ကွဲမှာမို့ ပိုပေါလာမှာပါ ...ဆက်သည်းခံပေးပါ ....'' ဆိုပြီး ပရိသတ်တွေကို ကျီစယ်ထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ခြူးလေးရဲ့ Tik tok ဗီဒီယိုလေးကိုလည်း အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chue Chue;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။