ပွင့်လင်းတဲ့ဟန်ပန်အမူအရာ၊ အမိုက်စားဖက်ရှင်တွေနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်လာတဲ့ နာမည်ကျော်အဆိုတော်အမွန်းကတော့ ယခုမှာ ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော် အဆိုတော်တစ်ဦးဖြစ်တဲ့ အမွန်းကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။အလန်းစားသီချင်းတွေကို သီဆိုတက်ပြီး မြူးကြွတဲ့ သူမရဲ့သီချင်းတွေက ပရိသတ်တွေကိုဖမ်းစားစေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေ သွက်လက်တဲ့ ပုံစံလေးတွေကြောင့်လဲ ချစ်ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေသူဖြစ်ပါတယ်။  

ယနေ့မှာတော့ အမွန်းတို့စုံတွဲလေးဟာ ပျော်ရွှင်စရာကြည်နူးစရာတွေနဲ့အတူ ဖြတ်သန်းရင်း ချစ်သူသက်တမ်း၄နှစ်တာဆိုတဲ့ အချိန်လေးကိုရောက်ရှိလာခဲ့ပါတယ်။အမွန်းကတော့ " Ting ting ting ! ကျွန်မချစ်သူကို ရှေွရောင်ဆံပင်စနိုက်ကျော်မတယောက်နဲ့ Shwe Sa Bwe မှာတွေ့လိုက်တယ်တဲ့ ! တွေ့ရင်ဝိုင်းဖမ်းကူကြပါဦး ! ( ချစ်သူသက်တမ်းလေးနှစ်ပြည့်သွားတော့ စနိုက်ကျော်နောက်ပါသွားပီ ! "ဆိုပြီးစနောက်ထားပါတယ်။

source:အမွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။