ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ ရေဘေးသွားရောက်လှူဒါန်းခဲ့ပုံကို အောက်ပါအတိုင်းပြောပြလာခဲ့ပါတယ်နော်။"ယနေ့ရေဘေးအလှူခရီးစဉ်ကျုံဒိုးမြို့နယ်ကော့လျှမ်းကျေးရွာရွှေ့ပြောင်းအလုပ်သမားများအလှူပစ္စည်းကားကို မနေ့ညနေကတည်းက ရန်ကုန်ကနေလွှတ်ထားပေမယ့် လမ်းအခက်အခဲ,ရေတက်မှု,ကားပိတ်ဆို့မှုကြောင့် ဒီနေ့ နေ့လည်၁နာရီမှရွာကိုပစ္စည်းတွေရောက်ပါတယ်ရှင်...ကျမလည်းအလှူပစ္စည်းကားကိုဘားအံမှာစောင့်ပြီး ဘားအံမှ ၁:၃၀မိနစ်ကြာသွားရတဲ့ကျုံဒိုးကိုထွက်လာတာ နေ့လည်က Liveထဲမှာမြင်တဲ့အတိုင်းပဲကားတွေပိတ်တော့ လှူမယ့်နေရာကိုည၆နာရီထိုးခါနီးမှရောက်ပါတယ်"

"ပထမစီစဉ်ထားတာကအိမ်တွေအထိစက်လှေနဲ့လိုက်လှူဖို့ပါ. အချိန်ကအရမ်းနောက်ကျသွားလို့ ရွာခံကူညီပေးတဲ့မောင်လေး ငြိမ်းချမ်းဝင်းကိုပြောပြီး နေရာကျယ်ကျယ်တခုမှာလူစုဖို့အကူညီတောင်းလိုက်ရပါတယ်. အချိန်မလောက်ငှလို့အိမ်အထိမလှူလိုက်နိုင်တာစိတ်မကောင်းဖြစ်ရပါတယ်ရှင် ရောက်ရောက်ချင်းပဲ လှူစရာရှိတာလှူ,အားပေးစကား ပြောပြီး စက်လှေနဲ့ပြန်လာရပါတယ်. အခုအဲ့ဒီရွာနားမှာပဲ ကားလမ်းပိတ်နေလို့ ထိုင်စောင့်ရင်းဒီစာကိုရေးနေတာပါ.ပါဝင်ပြီးလှူဒါန်းပေးသောအလှူရှင်များနဲ့တကွ ကားဖြင့်လိုက်လံပို့ဆောင်ပေးသောဘားအံမှမိတ်ဆွေများနဲ့အလှူအတွက်အစစအရာရာစီစဉ်ပေးတဲ့မောင်လေးငြိမ်းချမ်းဝင်းတို့ကိုလည်းကျေးဇူးတင်ပါတယ်"

"အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ပြည် (၄၅၀၀ကျပ်)ဆီ ၁လီတာ ၂ပုလင်း ( ၂၇၃၀ကျပ်)ငါးသေတ္တာ ၅ (၁၆၀၀ကျပ်)ခေါက်ဆွဲခြောက် ၅ထုပ် ( ၁၂၅၀ကျပ်)ငါးပိကြော် ၂၀သား ၁ထုပ် (၁၀၀၀ကျပ်)ငါးပိထောင်း (၄၀၀ကျပ်) ၅ဗူးစောင်၁ထည် (၁၈၀၀ကျပ်)အဝတ်အစားမိန်းကလေးလစဉ်သုံးပစ္စည်း (၅၀၀ကျပ်)တို့ကို အိမ်ထောင်စု ၃၀၀စာ စုစုပေါင်းတန်ဖိုး --- ၄,၁၃၄,၀၀၀ (လေးဆယ့်တစ်သိန်းသုံးသောင်းလေးထောင်ကျပ်တိတိ) ကိုလှူဒါန်းခဲ့ပါတယ်ရှင်...( ယခုပို့စ် တင်နေချိန် အပြန် ကားလမ်းပိတ်လို့ ကားထဲမှာပါရှင်..ဘားအံဘယ်ချိန်ရောက်မယ်မသိ)"

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။