ပရိသတ်ကြီးရေ စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး အဆိုတော်တစ်ဦးလို့ ပြောရလောက်အောင် နာမည်ကြီးအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းက Hip Hop ,Pop , Rap ဂီတအမျိုးအစားတွေကို ကိုယ်ပိုင်သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းက ထူးချွန်ထက်မြက်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

ခေတ်မှီနုပျိုပြီး စမတ်ကျကျနေတတ်တာကလည်း စိုင်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ မမအရွယ်တွေကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ Samsung Galaxy Note10 ပွဲကိုတက်ရောက်လာတဲ့ အမှတ်တရပုံလေးတွေကို သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ်တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။နာမည်ကြီးအဆိုတစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။ကဲ...စိုင်းစိုင်းပရိသတ်တွေတွက် စိုင်းရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

source:Sai Sai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။