ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ပုရိသတိုင်းရဲ့ အသည်းစွဲ မော်ဒယ်သရုပ်ဆောင်ရွှေအိမ်စည်ကို အားလုံးပဲသိကြမှာပါ....။ သူမက ချစ်ဖို့ကောင်းပြီး သဘောထားပွင့်လင်းရိုးသားတဲ့ အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်....။ ရွှေအိမ်စည်က ဖက်ရှင်အလန်းစားတွေကို အမြဲဝတ်ဆင်လေ့ရှိပြီး ဆွဲဆောင်မှုရှိလှပနေတာဖြစ်ပါတယ်....။

ရွှေအိမ်စည်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွား မှတ်တမ်းပုံရိပ်တွေကိုလည်း တင်ခဲ့ဆက်တာဖြစ်ပါတယ်...။ သူမရဲ့ ရေကူးကန်ထက်က ပုံရိပ်တွေဟာဆိုရင်လည်း မြင်သူတိုင်းကို စွဲမက်စေတာပါ.....။

ရွှေအိမ်စည်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "Crop top ကို ဘယ်ရာသီမဆို အအေးပတ်ခံပီးဝတ်သောသူမ" ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်တွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။