ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူကတော့ မင်းသမီးစမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါကပနုပညာလောကတွင်အောင်မြင်တဲ့ မင်းသမီးတစ်ဦးပဲဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို အားလပ်ချိန်များတွင် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ဂရုစိုက်အလိုက်သိတတ်မှုတွေကြောင့်လည်း ကြည်နူးပီတိဖြစ်နေရတာပါ။ 

စမိုင်းလ်ဟာ အလှူအတန်းများလည်း မကြာခဏလုပ်လေ့ရှိသူပဲ ဖြစ်ပါတယ်။ ဘာသာရေးကိုလည်း ကိုင်းရှိုင်းလွန်းသူတစ်ယောက်ဖြစ်ပြီး တရားစခန်းများလည်း မကြာခဏဝင်ရောက်လေ့ရှိသူတစ်ယောက်ပါ။ ပရိသတ်တွေကိုလည်း လှူဒါန်းမှုအစုစုတို့ကို သာဓုခေါ်ဆိုနိုင်ရန် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ 

အခုတစ်ခေါက်တွင်လည်း နေပြည်တော်တွင် အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့သံဃာ ၃၀၀၀ ဝါဆိုသင်္ကန်းကပ်ပွဲအခမ်းအနားအတွက် အလှူငွေ ၁၀သိန်းဆပ်ကပ်လှူဒါန်းခဲ့တာကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာပါ။ ဒီလိုစိတ်ထားမွန်မြတ်တာလေးတွေကိုလည်း ပရိသတ်တွေကချစ်နေရတာပါ။ ပရိသတ်တွေအတွက် စမိုင်းလ်တို့ရဲ့အလှူပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo- Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။