မန်​ချက်​စတာစီးတီးကွင်​းလယ်​လူယာယာတို​ရေးကပြီးခဲ့တဲ့ပရီးမီးယားလိဂ်​ဒါဘီမှာဂိုးမရှိသ​ရေကျခဲ့ပြီး​နောက်​မန်​ချက်​စတာယူနိုက်​တက်​အ​နေနဲ့လာမည်​့ရာသီမှာ၎င်းတို့ကိုပိုမိုတို်​က်​စစ်​ဆင်​ကစားဖို့​တောင်​းဆိုလိုက်​ပါတယ်​။

ဟို​ဆေး​မော်​ရင်​ညိုရဲ့မန်​ယူဟာအဆိုပါပွဲစဉ်​မှာအိမ်​ရှင်​မန်​စီးတီးကို​တန်​ပြန်​တိုက်​စစ်​ကစားပုံနဲ့ချည်​းကပ်​ကစားခဲ့ပြီးခံစစ်​အားပြုကစားခဲ့ပါတယ်​။ သို့​ပေမယ်​့လည်​းမန်​စီးတီိးဟာ၈၄မိနစ်မှာဖယ်လိုင်နီအထုတ်ခံခဲ့ရတဲ့​​​​​ယူနိုက်​တက်​ခံစစ်​ပိုင်​းကိုလုံးဝမထိုး​ဖောက်​နိုင်​ခဲ့ဘဲဂိုးမရှိသ​ရေကျသွားခဲ့ကာပွဲပြီးဆုံးချိန်​မှာ​တော့မန်​ယူပရိတ်​သတ်​​တွေရဲ့​အောင်​ပွဲခံပုံကိုမြင်​​တွေ့ခဲ့ရပါတယ်​။

ယာယာတို​ရေးက "သူတို့ဟာကြီးကြီးမားမားကို​ပြောင်​းလဲသွားပါပြီ။ ဘာလို့လဲဆို​တော့အရင်​တုန်​းကဆိုသူတို့ဟာပွဲကိုလွှမ်​းမိုးပြီးကစားနိုင်​တာများပါတယ်​။ ပြိုင်​ဘက်​ကိုထိန်​းချုပ်​ကစားကာနိုင်​ပွဲ​တွေရယူတဲ့အသင်​းတစ်​သင်​းပါ။ အဲဒီ​နေ့က​တော့မန်​ယူပရိတ်​သတ်​​တွေဟာသ​ရေရလဒ်​အတွက်​​အောင်​ပွဲခံ​နေကြပါတယ်​။ ဒါဟာဘာကိုပြသလဲဆို​တော့စီးတီးဟာသူတို့နဲ့တန်​းတူနီးပါးဖြစ်​လာပြီဆိုတာပါပဲ။

အမှန်​ပါပဲ။ သမိုင်​း​ကြောင်​းနဲ့ယူနိုက်​တက်​ရဲ့​အောင်​မြင်​ခဲ့မှု​တွေဟာစီးတီးထက်​အများကြီးကြီးကြယ်​​ခမ်​းနား​ပေမယ်​့ကျွန်​​တော်​တို့လာ​နေပါပြီ။ ကျွန်​​တော်​တို့နဲ့ကစားရတာဘယ်​​လောက်​ခက်​ခဲလဲဆို​တာသူတို့​ကောင်​း​ကောင်​းသိထားတာ​မို့လို့ခံစစ်​ကိုအ​ကောင်​းဆုံးကစားပြီးတန်​ပြန်​တိုက်​စစ်​နဲ့ကစားဖို့သာလုပ်​​ဆောင်​ခဲ့တာပါ။" လို့​ပြောသွားပါတယ်​။

Ref: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။