သမီးချောလေးတစ်ယောက်ကိုမွေးဖွားတဲ့ ခေးမေမေ စန္ဒီမြင့်လွင်ကတော့ နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးအပေါ်ကို ကြင်နာယုယမှုတွေအပြည့်ပေးပြီး အိမ်ထောင်ဦးစီးကောင်းပီသတဲ့သူတစ်ဦးပါနော်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အပြန်အလှန်နားလည်မှုတွေနဲ့အေးအတူပူအမျှဖြတ်သန်းနေကြတဲ့ဇနီးမောင်နှံပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့သမီးလေး Treasureကလည်း မေမေနဲ့လည်းတူသလို ဖေဖေနဲ့လည်းတူပါတယ်နော်။အေးချမ်းတဲ့မျက်နှာလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Treasureလေးက ချစ်မွှေးလေးပါလို့ တွေ့တဲ့သူတိုင်းကချစ်ကြပါတယ်။မေမေစန္ဒီမြင့်လွင်ကလည်း သမီးလေးကိုအရမ်းချစ်ပြီး သေသေချာချာပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ဦးဖြစ်ပါတယ်နော်။

စန္ဒီမြင့်လွင်ကတော့ သမီးလေးမွေးဖွားပြီးတာတောင် အလှမပျက်ဘဲ တစ်သားမွေးတစ်သွေးလှဆိုသလို အရမ်းလှနေပါတယ်နော်။အခုဆိုရင်လည်း စန္ဒီမြင့်လွင်က ခပ်မိုက်မိုက်ဒီဇိုင်းလေးကို ဝတ်ဆင်ထားပြီး "BARTကိုမရောက်တာကြာလို့ဝင်လည် ခလေးမထိန်းပဲလျှောက်သွားတယ်မပြောကြေးနော်ထိန်းပီးမှခနထွက်တာပါလို့နွေးနွေးထွေးထွေးလဲဝတ်ပါတယ်နော် ဗိုက်တွေခါးတွေဖွက်ပီးဓါတ့်ပုံရိုက်ထားတယ်"လို့ရေးသားထားကာ ပုံလေးတွေ မျှဝေလာပါတယ်နော်။

Source:Sandy Myint Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။