ပရိသတ်ကြီးရေ သားချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ ခေးမေလေး ယွန်းဝတီလွင်မိုးကတော့ ချစ်ခင်ပွန်းနဲ့အတူတူ နိုင်ငံခြားမှာကျောင်းတက်နေကြတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်က အနာဂတ်အတွက် ကြိုးစားနေကြလို့ သားလေးနဲ့ ခဏတာခွဲနေကြတာဖြစ်ပါတယ်။Liamလေးကလည်း ချစ်မွှေးလေးပါပြီး အရမ်းချစ်စရာကောင်းလို့ လူတိုင်းကတုန်နေအောင်ချစ်ကြပါတယ်နော်။

Liam လေးက မကြာသေးခင်ရက်ကမှ တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး စကားတွေလည်းမပီကလာပီကလာပြောကာ လမ်းလည်းစမ်းလျှောက်နေပါပြီနော်။Liam လေးဟာဆိုရင် ပရိသတ်တွေရဲ့မျက်စိရှေ့မှာပဲ တဖြည်းဖြည်းအရွယ်ရောက်လာပြီး ပိုပိုပြီးလည်းချစ်စရာကောင်းလာပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကလည်း သားလေးနဲ့ video callတွေပြောပြီး အလွမ်းဖြေနေကြတာဖြစ်ပါတယ်နော်။

မေမေယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်မကျခင်ကလည်း အရမ်းလှသလို သားလေးမွေးပြီးတဲ့အချိန်မှာလည်း အပျိုလေးတစ်ယောက်လိုလှပပြီး ချစ်စရာကောင်းနေဆဲပါနော်။နုပျိုလန်းဆန်းခြင်းတွေနဲ့ အရမ်းလှပပြီး အလှတွေမလျော့သွားဘဲ ဒီတိုင်းလေးပဲရှိနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ အလှအပတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။