အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းရဲ့ ဒုတိယပွဲစဉ်ကိုတော့ကမ္ဘောဒီးယားအမျိုးသမီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။မြန်မာအမျိုးသမီးအသင်းကတော့ဒီနေ့ပွဲမှာလည်းကမ္ဘောဒီးယားအမျိုးသမီးအသင်းကို( ၁-၁၀ )နဲ့ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲကိုတော့ဗီယက်နမ်အသင်းနဲ့ကစားရတော့မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာလည်းအခက်အခဲမရှိပဲခြေစွမ်းပြကစားသွားခဲ့တာပါ။ပွဲစတယ်ဆိုတာနဲ့အကောင်းဆုံးတိုက်စစ်ဆင်နိုင်ခဲ့ပြီးခြေစွမ်းပြဂိုးတွေကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းရဲ့ဂိုးတွေကိုတော့ မိနစ်၃၀မှာ မေသူကျော်၊၃၂ မိနစ်မှာ ခင်မာလာထွန်းနဲ့ ၄၅မိနစ်မှာ ရီရီဦးတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာပထမပိုင်းအပြီးမှာတော့(၃-ဝ)နဲ့ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်းမြန်မာအသင်းကဖိအားပေးကစားရင်းနဲ့ဦးဆောင်ဂိုးတွေသွင်းယူခဲ့တာပါ။မြန်မာအမျိုးသမီးအသင်းဟာ လူငယ်တွေလည်းအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အနာဂတ်လက်ရွေးစင်အသင်းအတွက်တော့အားရစရာပဲဖြစ်ပါတယ်။ပွဲပြီးဆုံးတဲ့အချိန်အထိမြန်မာအသင်းဟာဂိုးတွေသွင်းရင်းနဲ့ပွဲပြီးဆုံးချိန်မှာ ကမ္ဘောဒီးယားအမျိုးသမီးအသင်းကို((၁-၁၀)နဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။