ပရိသတ်တွေအားလုံးသာမက အနုပညာများရဲ့အချစ်တွေကို ရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့သားချောလေး လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ သားလေးရဲ့အပြုံးလေးတွေဟာလည်း မြင်ရသူတိုင်းကို ကြည်နူးစေတာပဲ ဖြစ်ပါတယ်။ အသက်ငယ်သေးသော်လည်း သိတတ်လိမ္မာမှုတို့ကြောင့် နှစ်ဘက်ဖိုးဖိုး၊ဖွားဖွားတွေရဲ့အသည်းကျော်လေးဖြစ်လို့နေတာပါ။

သားလေးကတော့ အခုမှာ လမ်းလျောက်တက်ဖို့လည်းသင်နေပြီဖြစ်ပြီး စကားလေးတွေလည်းပြောဖို့ ကြိုးစားနေတာဖြစ်ပါတယ်။သားလေးရဲ့ ချစ်စရာအမူအရာလေးတွေ ဆော့ကစားနေတဲ့ video လေးတွေက ပရိသတ်ကြီးရဲ့အချစ်တွေကိုအသည်းတယားယားဖြစ်စေတာပါ။ဖိုးဖိုးဖွားဖွားတို့ကလည်း သားလေးဆော့ကစားနေတဲ့ video လေးကို လည်းပရိသတ်ကြီးအတွက်တင်ပေးလေ့ရှိပြီး ချစ်မဝနိုင်တာပါ။

ခုမှာလည်း သားလေးကိုသွားတိုက်ပေးနေတာဖြစ်ပြီး သားလေးကလည်းသွားတိုက်ရတာကိုပျော်နေတာဖြစ်ပါတယ်။စကားလေးတွေလည်းမပီကလာပီကလာပြောနေတာလေးကလည်းကြည့်နေတဲ့ သူတိုင်းကို အချစ်တွေတိုးစေတာဖြစ်ပါတယ်။ပရိသတ်တွေလည်း သွားတိုက်နေရတာကြောင့် ပျော်ပြီးချစ်စရာကောင်းနေတဲ့ လွင်ထက်လေးရဲ့ video လေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

Source- May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။