ကဲ ချစ်ပရိသတ်တွေအတွက် ဒီနေ့မှာအသစ်ထွက်ရှိလာတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ ဒီသီချင်းလေးကတော့ ပရိသတ်အချစ်တော် အနုပညာရှင် (၁၂) ဦးပါဝင်သီဆိုထားတဲ့ ''လင်းလက်စေတော့ကြယ်'' ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးက အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးသူငယ်များရဲ့ အနာဂတ်ထွန်းလင်းတောက်ပစေဖို့ ရည်ရွယ်ရေးစပ်ထားတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။

ဒီသီချင်းလေးမှာတော့ ဟဲလေး၊ နေတိုး၊ ထွန်းထွန်း၊ လွှမ်းပိုင်၊ ဖြိုးပြည့်စုံ ၊ လင်းထက်၊ အုပ်စိုခန့်၊ ဝိုင်းစုခိုင်သိန်း ၊ နီနီခင်ဇော်၊ Jewel ၊ ကေကေမိုး၊ နင်ဇီမေတို့က မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုထားကြတာ ဖြစ်ပါတယ်။ ပန်းကလေးများ မကြွေစေဖို့ ဝိုင်းဝန်းကူညီစောင့်ရှောက်ကြပါစို့ ဆိုတဲ့ခေါင်းစဉ်လေးနဲ့အညီ ကလေးငယ်လေးတွေဘဝ သာယာလှပစေဖို့ ရေးစပ်သီဖွဲ့ထားတာ ဖြစ်ပါတယ်။ စာသားလေးတွေကအစ အဓိပ္ပါယ်ရှိပြီး လေးနက်လှပတဲ့ ဒီသီချင်းလေးကတော့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

ဒီနေ့မှာမှ အသစ်ထွက်ရှိလာတဲ့ ''လင်းလက်စေတော့ကြယ်'' ဆိုတဲ့ သီချင်းလေးရဲ့ Music Video လေးမှာတော့ သမီးလေး သွန်းမြတ်ကြယ်စင်က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ သီဆိုဟန်နဲ့ သမီးလေးသွန်းမြတ်ကြယ်စင်ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ဒီသီချင်းလေးက ပိုမိုအောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ''လင်းလက်စေတော့ကြယ်'' သီချင်းလေးရဲ့ ဗီဒီယိုလေးကိုလည်း အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source : V7 Entertainment;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။