လတ်တလောမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ sorry not sorryဆိုတဲ့ တေးသီချင်းလေးကို အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ အဆိုတော်မလေး ဝိုင်းလေးဟာ အားလုံရဲ့အချစ်တော်လေးပါပဲ။ ပရိတ်သတ်တွေကတော့ သူမကို ဝလုံးလေးဆိုပြီးချစ်စနိုးနဲ့ ခေါ်ကြပြီးတော့ သူမကလည်း သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကို ချစ်ပရိတ်သတ်တွေကို အမြဲအသိပေးလေ့ရှိတာတွေ့ရပါတယ်နော်။

မကြာခင်ကလည်း သူမဟာ သာသနာဘောင်ထဲကို ဝင်ရောက်ခဲ့ပြီးဖြစ်ပြီးတော့ လတ်တလောမှာလည်း ဘာသာရေးလေးတွေကိုအချိန်ပေးပြီးလုပ်ဖြစ်နေတာတွေ့ရပါတယ်နော်။ ဒီလိုခေတ်မျိုးမှာ ငယ်ငယ်ရွယ်ရွယနဲ့ ဘာသာရေးလုပ်တတ်တဲ့လူငယ်တွေဟာ ရှားပါးနေပြီဖြစ်ပြီးတော့ သူမကတော့ ရှားပါးတဲ့ ပရဟိတစိတ်နဲ့ ဘာသာတရားကိုရိုသေကိုင်းရှိုင်းသူလေးတစ်ယောက်ပါပဲနော်။

သူမဟာအခုတစ်ခါမှာလည်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ပုဂံမြေကို ချစ်ရတဲ့သူငယ်ချင်းလေး Bellaနဲ့အတူရောက်ရှိလို့နေပါတယ်နော်။ တန်ဖိုးဖြတ်မရတဲ့ ရိုးရာယဉ်ကျေးမှု အလှတရားတွေရဲ့ ကြားမှာ ပြည်တော်ချစ်အဆိုတော်မလေးနှစ်ယောက်ကတော့ လှချင်တိုင်းကိုလှလို့နေပါတယ်နော်။ ကဲ... ချက်ချင်းတောင်ပုဂံမြေကိုအပြေးလေးသွားချင်စိတ်ပေါက်သွားရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ယဉ်ကျေးမှုအလှတရားတွေကို ပြသလိုက်တဲ့ ဝိုင်းလေးနဲ့ Bellaတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။