ရုပ်ရည်လေးက ချောမောလှပသလို စိတ်သဘောထားကလည်း အင်မတန်နူးညံ့ဖြူစင်လွန်းသူလေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးလို့ လူသိများတဲ့သူမက ''ဝင်္ကပါစံအိမ်၊ မိုးကောင်းကင်အိပ်မက်၊ ကြယ်ကလေးရဲ့ကောင်းကင် '' စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပိုးကြာဖြူခင်က ကြော်ငြာနဲ့ နောက်ထပ်ဇာတ်လမ်းတွဲအသစ်တွေ ထပ်မံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာ ရေဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုတော့ အနုပညာရှင်တွေကလည်း တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းကူညီနေတာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်အနေနဲ့ကလည်း ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်အလှူခံထွက်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပိုးက ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူများအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့တာ တွေ့ရပါတယ်။

ပိုးက '' ဒီကနေ့ ရေဘေးအလှူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးက ရေဘေးနဲ့တွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေအတွက် ရေသန့် အစားအသောက် အသုံးအဆောင် ပစ္စည်းများနဲ့ အလှူငွေများကို ကိုယ်တိုင်သွားလှူခဲ့ပါတယ် ကားက မြေနီကုန်းကျေးရွာထိပဲဝင်လို့ရတယ် လမ်းကြမ်းတွေကို ဆိုင်ကယ်နဲ့ဖြတ် ရွှံတွေထဲ လဲ လမ်းထပ်လျှောက် ပင်ပန်းတဲ့ကြားက မကြောက်မလန့်သွားခဲ့ကြတာပါ ပရိတ်သတ်ကြီး သာဓုခေါ် ပီတီတွေ ကူးစက်နိုင်အောင်လို့ ပုံတွေရော ဗီဒီယိုလေးတွေရော တင်ပေးလိုက်ပါတယ် '' ဆိုပြီး သူမရဲ့အလှူကို ပြောပြထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။