ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အာနဲ့ ပရိသတ်တွေရဲ့ အချစ်တော်ကို သိမ်းပိုက်ထားသူလေးကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်နော်..။

အေးချမ်းအလှတရားတွေ အနေအေးပြီး ပွင့်လင်းတဲ့ ချစ်စရာ စကားပြောဟန်ပန်နဲ့ အပြုံးချိုချိုလေးတွေအပြင် တည်ငြိမ်းပြီး ကျော့ရှင်းတဲ့ ပုံရိပ်လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုတွေပါပဲ..။

ပရိသတ်ကြီးတို့ရဲ့ အချစ်တော်မေလေးကတော့ အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသလို သံတမန်အဖြစ် ခန့်အပ်ခံရခြင်းတွေလည်း ရှိနေတာ တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက်လည်း သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပြန်တာ တွေ့ရပြန်ပါတယ်နော်..။

အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း မေလေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး ယူနီကုဒ်စနစ်အကြောင်းကိုလည်း ပြန်လည်ရှင်းလင်း မျှဝေထားပါသေးတယ်နော်..။

"အောက်တိုဘာ (၁)ရက်တွင် နိုင်ငံတကာသုံးစံချိန်စံညွှန်းနှင့် ကိုက်ညီသော မြန်မာယူနီကုဒ်စံစနစ်သို့ တစ်ပြိုင်တည်းပြောင်းမည်ဖြစ်ရာ သူငယ်ချင်း မိတ်ဆွေတွေ မေတို့အနုပညာရှင်တွေနဲ့ ပရိသတ်ကြားမှာလဲအချင်းချင်းစာပို့တာတွေပိုကောင်းလာမယ် တိုင်းရင်းသားဘာသာစကားတွေပါ ဖောင့်တစ်ခုတည်းမှာပဲပါဝင်လာတယ်ဆိုတော့ နောက်ဆိုပိုသုံးရတာအဆင်ပြေပြီး ယူနီကုဒ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဖောင့်တွေ ကီးဘုတ်တွေ သုံးတဲ့အတွက် နိုင်ငံတကာစံတွေနဲ့ ကိုက်ညီလာမယ် ပြည်သူတွေ အားလုံး ပိုအဆင်ပြေလာဖို့ ရည်ရွယ်ရွယ်ချက်ကောင်းတစ်ခုနဲ့ ပြောင်းလဲတာဖြစ်ပါတယ်.." ဆိုပြီးတော့လည်း မေလေးက ရှင်းပြထားတာ ဖြစ်ပါတယ်နော်..။

Photo - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။