တောင့်တင်းလှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ ပုရိသတွေရဲ့အသည်းတွေကို ကြွေအောင်လုပ်နိုင်သူလေးကတော့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုုင်နေတာပဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အများဆုံးရရှိထားသူပါ။ ဖြူစင်လွန်းတဲ့ စိတ်ထားလေးတွေကြောင့်လည်း အားလုံးကဝိုင်းချစ်နေရတာပါ။

သူမရဲ့ပွဲတက်ဖက်ရှင်အမိုက်စားများဟာလည်း လူတိုင်းကို ဟင်ကနဲ ဟာကနဲဖြစ်သွားအောင်ကို လုပ်ဆောင်နိုင်စွမ်းရှိပါ။ သူမရဲ့အချစ်ရေးလေးဟာလည်း တည်ငြိမ်လျက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာပါ။ လတ်တလောမှာလည်း ကျန်းမာရေးအခြေနေကြောင့် အနုပညယအလုပ်တွေကို ခဏအနားယူထားတာပဲ ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း Surprise တစ်ခုကြောင့် အံ့သြခဲ့ရတာလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့မိန်းကလေးပရိသတ်တစ်ဦးက သင်ဇာရဲ့နာမည်လေးကို ကျောကုန်းမှာ တက်တူးထိုးထားတာပဲ ဖြစ်ပါတယ်။ သင်ဇာဟာ နေမကောင်းဖြစ်နေတဲ့ကြားက ပရိသတ်တစ်ယောက်ရဲ့Surprise လက်ဆောင်လေးကြောင့် အံ့သြဝမ်းသာဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo -Thinzar Wint Kyaw

source - Sakar War

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။