ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်ကတော့ နွေးထွေးတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဇနီးနဲ့ တစ်ဦးတည်းသောသားလေးကို အရမ်းချစ်တဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။မြင့်မြတ်က သားလေးကိုအရမ်းချစ်လွန်းလို့ ရှုတင်တွေကို တစ်ခါတစ်လေခေါ်သွားလေ့ရှိပြီး မြတ်သူလေးကလည်း ဖေဖေ့လိုလည်းအရမ်းချစ်မွှေးပါသလို မေမေနဲ့လည်းရုပ်ချင်းဆင်တဲ့ကလေးလေးဖြစ်ပါတယ်။

မြင့်မြတ်ကတော့ မိသားစုလေးအတွက် အမြဲကြိုးစားနေပြီး လိုလေသေးမရှိအောင်ထားပေးတဲ့သူတစ်ယောက်ပါနော်။မြင့်မြတ်က လက်ရှိမှာလည်း ရိုက်ကူးရေးတွေအဆက်မပြက်လုပ်ဆောင်နေပြီး ပရိသတ်ကြီးရဲ့အချစ်တွေကိုလည်း ရရှိနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ မြင့်မြတ်ရဲ့အနုပညာအလုပ်တွေကိုလည်း တစ်ခဲနက်အားပေးကြသလို သူ့ရဲ့မိသားစုလေးကိုလည်း အရမ်းချစ်ကြတာပါနော်။

မြင့်မြတ်က စိတ်သဘောထားပြည့်ဝပြီး ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကိုလည်း ကူညီဖေးမကာအားပေးစကားတွေပြောတတ်တဲ့သူဖြစ်ပါတယ်။အခုဆိုရင်လည်း မြင့်မြတ်တို့မိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် စောင်၊ခြင်ထောင်များကိုလှူဒါန်းပြီး ကုသိုလ်ယူခဲ့တာပါနော်။မြင့်မြတ်တို့မိသားစုကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို တတ်နိုင်သလောက်ကိုအမြဲတမ်းလှူဒါန်းနေကြတဲ့ မိသားစုလေးဖြစ်ပါတယ်နော်။

Source:Myat Wai Tun/Ko Nyein Chann

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။