ပရိသတ်အချစ်တော် ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက ရုပ်ရှင်လောကမှာ ပြိုင်ဘက်ကင်းလောက်အောင် နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ထက်ထက်ရဲ့ သဘာဝအတိုင်း လှပလွန်းတဲ့မျက်နှာလေးရယ် ကနွဲ့ကလျနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်၊ အမူအရာလေးတွေရယ်ကြောင့် ပရိသတ်တွေ အသည်းတဖြုတ်ဖြုတ်ကြွေခဲ့ရတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ထက်ထက်က ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားပေမယ့် ပရိသတ်တွေကြားမှာတော့ နာမည်မပျောက်သွားဘဲ ဆက်လက်အောင်မြင်မှုရနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အမြဲတမ်းဂရုတစိုက်နေထိုင်ရတဲ့ ထက်ထက်က အခုတော့ ပွဲအခမ်းအနားလေးတွေ တက်ရောက်လာပြီး အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာပြီ ဖြစ်ပါတယ်။ Tik Tok ကစားရတာကို နှစ်သက်တဲ့ထက်ထက်က မကြာခဏဆိုသလို ချစ်ခင်ရသူတွေနဲ့ အပျော်တမ်းဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ထက်ထက်နဲ့ ဒီဇိုင်နာ မျိုးမင်းစိုးတို့က Tik Tok ဗီဒီယိုအသစ်လေးတွေကို အတူရိုက်ကူးခဲ့ကြပါတယ်။

မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့ ထက်ထက်နဲ့ ကိုမျိုးမင်းစိုးက အချစ်သီချင်းတွေကို အတွဲညီညီနဲ့ သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်။ ထက်ထက်ရဲ့ ဟန်ဆောင်မှုကင်းပြီး အပြစ်ကင်းစင်တဲ့ပုံစံလေးတွေက ပရိသတ်တွေကိုအချစ်တိုးအောင် ပြုစားနိုင်တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦးရဲ့ Tik Tok ဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Designer Myo Min Soe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။