ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကတော့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းထံပြောင်းရွေ့သွားပြီဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့ ကော်တင်ဟိုကိုတစ်ရာသီစာအငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ခြေစွမ်းပြနိုင်ရင်တော့ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူသွားဖို့ရှိနေတာဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ဂရစ်ဇမန်းရောက်ရှိလာတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတော့တာဖြစ်ပါတယ်။ဒါကြောင့် ပွဲထွက်ခွင့်ရမယ့် အသင်းကိုပြောင်းရွေ့ချင်နေတာဖြစ်ပါတယ်။အင်္ဂလန်ကလပ်အသင်းတွေက ခေါ်ယူဖို့သတင်းတွေထွက်ခဲ့ပေမယ့်လည်း အပြောင်းအရွေ့ကတော့မဖြစ်ခဲ့တာဖြစ်ပါတယ်။

ခုမှာတော့ အသင်းရဲ့အဓိကကစားသမားတွေ အနားယူသွားတာကြောင့် တောင်ပံကစားသမားလိုနေတဲ့ ဘိုင်ယန်မြုးနစ်က ကော်တင်ဟိုကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ကော်တင်ဟိုကလည်းဘိုင်ယန်လိုကြီးကျယ်ခန်းနားနဲ့ အသင်းကြီးမှာ ကစားခွင့်ရဖို့ပျော်ရွှင်နေတာဖြစ်ပါတယ်။

SOURCE:Daily Mail


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။