လတ်တလော လူမှုကွန်ယက်ပေါ်မှာ အေးသောင်းဆိုပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးခြင်းခံနေရတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကို မသိတဲ့သူမရှိပါဘူးနော်။ သူမ သရုပ်ဆောင်လောကကိုစတင်အခြေချခဲ့တဲ့ ဆယ်ကျော်သက်ဘဝကတည်းက သူမဟာ fanတွေအများအပြားရရှိခဲ့သူတစ်ယောက်ပါနော်။

သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိတ်သတ်တွေသိတဲ့အတိုင်း ရုံတင်ရက်တွေဆက်ပြီးစံချိန်တင်အောင်မြင်ခဲ့ပါတယ်နော်။ အနုပညာနဲ့ပတ်သတ်ရင် စိတ်နှစ်ကိုယ်နှစ်နဲ့ကြိုးစားတတ်တဲ့ သူမဟာ ပြစ်မျိုးမှဲ့မထင်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားပြီးတော့ ဘယ်အချိန်ဖြစ်ဖြစ် သွက်လက်နုပျိုနေသူလေးလည်းဖြစ်ပါတယ်။

အသက်အရွယ်ကိုမှန်းလိုမရအောင်ကို ဆယ်ကျော်သက်ကောင်မလေးလို နုပျိုလှပနေတဲ့ သူမကို ဒီတစ်ခါမှာလည်း ပွဲတက်ဝတ်စုံခပ်မိမိလေးနဲ့တွေ့ရပါတယ်နော်။ ဆန်းပြားလှပတဲ့ ပွဲတက်ထက်ရှင် အမိုက်စားလေးကို ဝတ်ဆင်ပြီးတော့ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်း၊ဖွေးဖွေး၊G fatt၊ပန်းရောင်ခြယ်တို့နဲ့အတူ ပွဲတက်လာခဲ့တာပဲဖြစ်ပါတယ်နော်။ ကဲ...ပွဲတက်ပရိတ်သတ်တွေ လည်ပြန်ငေးရလောက်အောင် ကျော့ရှင်းလှပလို့နေတဲ့ မအေးသောင်းရဲ့ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Thaung

Photo Crd: Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။