ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ လွင်မိုးနဲ့အတူ ကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူပဲဖြစ်ပြီး ယနေ့ထက်ထိ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ အသက်ငယ်ရွယ်သေးသော်လည်း သူမရဲ့အောင်မြင်မှုတွေဟာလည်း ချီးကျူးစရာကောင်းလှသူပါ။ လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျနိုင်ငံတွင် ကျောင်းသွားတက်နေတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံသို့ အလည်ပြန်ရောက်လာချိန်လေးမှာလည်း သားလေးဖြစ်သူနဲ့အတူ ကြော်ငြာများစွာရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ လီလီလုံးလေးဟာလည်း အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးက ခေးလေးကိုသာမကပဲ ခေးလေးရဲ့သားလေး Liam လေးကိုပါ ချစ်မဝဖြစ်နေရတာပါ။ သားလေးရဲ့ လှုပ်ရှားမှုတိုင်းဟာလည်း မြင်ရသူတိုင်းကို အသည်းတယားယားဖြစ်စေတာပဲဖြစ်ပြီး ဝိုင်းချစ်နေရတာပါ။  

ဖွားဖွားမေသူရဲ့ သူငယ်ချင်းများကလည်း သားလေးကို တစ်နေ့မတွေ့ရမနေနိုင်အောင်ကို အသည်းယားပြီး ချစ်နေကြတာပါ။ အခုတစ်ခေါက်မှာလည်း တီတီတွေဖြစ်တဲ့ စိုးမြတ်နန္ဒာနဲ့ တီတီရတနာတို့နဲ့အတူ Video Call ခေါ်ကာ ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ သားလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - May Thu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။