Beauty Blogger တစ်ဦးအဖြစ် လူသိများအောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ထက်ထက်မြက်မြက်နဲ့ သွက်လက်တက်ကြွတဲ့ သူမရဲ့စတိုင်ကြောင့် အားလုံးကစိတ်ဝင်တစား စောင့်ကြည့်အားပေးနေရတာဖြစ်ပြီး လက်ရှိမှာလည်း နေခြည်ဦးက ဇာတ်ကားတွေရိုက်ကူးပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာတော့ နေခြည်ဦးက ပွဲအခမ်းအနားလေးတွေ တက်ရောက်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ Vivo Showroom (၆) ဆိုင်မြောက်ဖွင့်ပွဲကိုလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီပွဲအခမ်းအနားလေးမှာတော့ နေခြည်ဦးက "2019 Side-Packs" အိတ်လေးနဲ့အတူ ဆန်းသစ်လှပတဲ့ဖက်ရှင်လေးကို ဝတ်ဆင်ပြီးပွဲတက်လာခဲ့တာ ဖြစ်ပါတယ်။ အိတ်နှစ်လုံးနဲ့ စတိုင်ကျနေတဲ့နေခြည်ဦးကို ဝေဖန်သူတစ်ချို့က ပြောဆိုထားတာတွေကလည်း ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် နေခြည်ဦးက " မရှင်းပြချင်တော့ပါဘူး ဒါပေမယ့်....2019 Side-Packs တွေကိုမှ အရူးလွယ်အိတ်လို့ အပြောခံရတာတော့ စိတ်မကောင်းဘူး " ဆိုပြီး ပြန်ပြောထားတာ တွေ့ရပါတယ်။ Vivo ပွဲမှာ နေခြည်ဦးဝတ်ဆင်ခဲ့တဲ့ အိတ်ကတော့ $ 4700 (မြန်မာငွေ သိန်း ၇၀) ကျော်တန်ကြေးရှိတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Trend ဖြစ်နေတဲ့ တန်ဖိုးကြီးလွယ်အိတ်ကိုမှ အရူးလွယ်အိတ်လို့ဝိုင်းပြောကြတာကြောင့် နေခြည်ဦးအနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။