မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမား Alexis Sanchez ကတော့ အင်တာမီလန်အသင်းကိုပြောင်းရွေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။မကြာခင်ရက်ပိုင်းမှာ ဆေးစစ်ပြီး ပြောင်းရွေ့တော့မှာဖြစ်ပါတယ်။Sanchez ဟာမန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရတာဖြစ်တာကြောင့် ခုလိုအသင်းပြောင်းရွေ့ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ လူကာကူကိုခေါ်ယူပြီးနောက် Sanchez ကိုခေါ်ယူချင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာဒီနှစ်ရာသီမှာ အကောင်းဆုံးကစားသမားတွေကိုခေါ်ယူပြီး အသင်းကိုအောင်မြင်မှုတွေရအောင်ကြိုးစားနေတာဖြစ်ပါတယ်။

ဒါကြောင့်မန်ယူအသင်းမှာ ပွဲထွက်ခွင့်တွေဆုံးရှုံးနေတဲ့ Sanchez ကိုခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။Sanchez ကတော့ ကမ္ဘာကျော်အသင်းတွေမှာကစားခဲ့ပြီးခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်တာကြောင့် အင်တာအသင်းအတွက်တော့ အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာတော့မှာပဲဖြစ်ပါတယ်။လူကာကူနဲ့Sanchez တို့တိုက်စစ်တွေဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။

Source:Sky Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။