နာမည်ကျော် အနုပညာရှင်တွေထဲမှာ ခပ်အေးအေးနဲ့ ရိုးရိုးလေးပဲနေတတ်ပြီးတော့ ရင့်ကျက်တည်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး မယ်လိုဒီကိုတော့ မသိတဲ့သူမရှိပါဘူးနော်။ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ရုပ်ပေါ်မှာအင်တိုက်အားတိုက်နဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစား ဖန်တီးချပြနိုင်သူလည်းဖြစ်တာကြောင့် သူမဟာ အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုထိုက်ထိုက်တန်တန်ဆွတ်ခူးထားနိုင်ခဲ့တဲ့ မင်းသမီးတွေထဲက တစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။

လက်ရှိမှာဆိုတော့ သူမဟာ ပျော်ရွှင်စရာကောင်းပြီးတော့ အများက အားကျငေးမောနေရတဲ့ အေးချမ်းသာယာတဲ့ မိသားစု ကမ္ဘာလေးကိုပိုင်ဆိုင်ထားခဲ့ပြန်ပါပြီနော်။ သူမဟာ သူမစကားကိုအရမ်းထောင်ပြီးတော့ မိဘအပေါ်သိတတ်တဲ့ အရမ်းလည်း လိမ္မာတဲ့ သားသားလေး သိဒ္ဓိစစ်ကို မွေးထုတ်ပေးထားတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ ဒီလိုချစ်ဖို့ကောင်းပြီး မိဘကို တတ်နိုင်တဲ့ဘက်ကနေကူညီပေးတတ်တဲ့ သားသားလေးကြောင့် မယ်လိုဒီတစ်ယောက်ဟာ ဘဝအမောတွေပြေနေခဲ့ရပါတယ်နော်။

အခုလည်း ချစ်ရတဲ့ သားလေးရဲ့ ချစ်ဖို့ကောင်းတဲ့ အိုက်တင်လေးတွေကြောင့် မေမေတစ်ယောက်အသည်းယားပြီးအချစ်ပိုခဲ့ရပြန်ပါတယ်နော်။ သန့်သန့်ပြန့်ပြန့်အမြဲနေတတ်တဲ့ သားသားလေးဟာ အခုတစ်ခါမှာလည်း စမတ်ကျကျဝတ်စားပြီးတော့ အထာကျကျ ချစ်စရာအိုက်တင်လေးတွေပေးပြီး ဓာတ်ပုံအရိုက်ခံတဲ့အတွက်မေမေမယ်လိုဒီကတော့ ချစ်သထက်ချစ်နေခဲ့ရပြန်ပါတယ်နော်။ကဲ... လူတတ်လေး သိဒ္ဓိစစ်ရဲ့အထာကျကျ အိုက်တင်လေးတွေနဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။