မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်သလို ပျော်ရွှင်ဖွယ်မိသားစုတစ်စုကြီး ပိုင်ဆိုင်ထားတာကတော့ သရုပ်ဆောင် စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူဟာဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုများစွာနဲ့ပရိသတ်များရဲ့ရင်ထဲထိနေရာယူထားတာလည်း ဖြစ်ပါတယ်။ အသက်အရွယ်ရလာသော်လည်း သူမရဲ့ နုပျိုမှုတွေကတော့ လူတိုင်းအံ့သြရလောက်အောင်ပါပဲနော်။

ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ အားကျတာကို ခံနေရတာလည်း ဖြစ်ပါတယ်။ သူမတို့ မိသားစုလေးဟာ အလှူအတန်းကြီးများလည်း မကြာခဏဆိုသလို လှူဒါန်းကြတာပဲဖြစ်ပြီး ဘာသာရေးလည်း ကိုင်းရှိုင်းကြသူတွေလည်း ဖြစ်ပါတယ်။ သမီးလေးတွေဟာလည်း အမေတူအချောလေးတွေပဲဖြစ်ပြီး ပညာရေးတွင်လည်း ထူးချွန်ထက်မြက်တာကြောင့်လည်း သူမတို့ဇနီးမောင်နှံက ကြည်နူးပီတိဖြစ်နေရတာပါ။

စမိုင်းလ်ရဲ့ အဖွားဖြစ်သူအန်တီခင်လေးဆွေဟာလည်း အနုပညာအလုပ်တွေကို ဆယ်စုနှစ်များစွာတိုင်အောင် လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ မြေးအဖွားနှစ်ယောက်ဟာ မကြာခဏဆိုသလို Live လွှင့်ကာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း အဖွားဖြစ်သူနဲ့ Live လွှင့်ကာ ပြောနေတဲ့ ဗီဒီယိုလေးကိုဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူတို့မြေးအဖွားနှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။