ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အောင်မြင်မှုများစွာကိုရရှိထားတဲ့ အောင်လအန်ဆန်းကတော့ လက်ရှိမိသားစုကို အချိန်ပေးအနားယူနေပြီး မကြာမီယှဉ်ပြိုင်မည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။   

အောင်လအန်ဆန်းကတော့ ပရိသတ်တွေနဲ့ အဆက်မပျက်ရှိနေသူတစ်ယောက်ဖြစ်ပြီး အောင်လအန်ဆန်းရဲ့ သတင်းတွေကလည်း ပရိသတ်တွေကြားမှာ မကြာခဏတွေ့မြင်နေရဆဲဖြစ်ပါတယ်။ မကြာသေးမီကလည်း အောင်လအန်ဆန်းကတော့ ပရိသတ်တွေမသိရှိသေးတဲ့ ငယ်ဘဝပုံရိပ်လေးတစ်ခုကို ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးကတော့ အကိုဖြစ်သူတစ်ဦးနဲ့ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးဖြစ်ပြီး အောင်လရဲ့ ရုပ်ကို ရုတ်တရက်ကြည့်ရုံနဲ့မမှတ်မိလောက်တာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။  

အဆိုပါ ပုံရိပ်လေးနဲ့အတူ အောင်လအန်ဆန်းကတော့ " ကျွန်တော့်အဒေါ်ရဲ့မင်္ဂလာဆောင်ပွဲမှာကျွန်တော့်အစ်ကိုခွန်းလာနဲ့ အတူရိုက်ထားတဲ့ပုံလေးပါ..မင်္ဂလာဆောင်ပွဲမှာကျွန်တော်က လက်ထပ်လက်စွပ်သယ်ပြီး..ကျွန်တော့်အစ်ကိုက..ကချင်ရိုးရာဓားနဲ့လွယ်အိတ်သယ်တဲ့ကောင်လေးတွေအဖြစ် ပါဝင်ခဲ့ကြကြောင်း" ပြောပြခဲ့တာလည်း တွေ့ရပါတယ်။ ပရိသတ်တွေကြားမှာ သူရဲကောင်းတစ်ဦးအဖြစ်ရပ်တည်နေတဲ့ အောင်လအန်ဆန်းရဲ့ ငယ်ဘဝပုံရိပ်လေးကို ချစ်ပရိသတ်တွေတွေ့မြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။