ပရိသတ်ကြီး အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ရိုးသားပြီး ဖြူစင်တဲ့ စိတ်စေတနာလေးနဲ့ သဒ္ဓါတရားထက်သန်လွန်းတဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးကတော့ ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ပိုးကြာဖြူခင်ကတော့ လတ်တလောမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် အဆိုတော်စိန်လင်း၊ ဒေါက်တာမြဝတ်ရည်တို့နဲ့အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်နော်..။


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး က ရေဘေးနဲ့တွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေအတွက် ရေသန့် အစားအသောက် အသုံးအဆောင် ပစ္စည်းများနဲ့ အလှူငွေများကို ကိုယ်တိုင်သွားလှူဒါန်းခဲ့ကြဖြစ်ပြီး သွားရောက်ကူညီလှူဒါန်းရင်း ကလေး(၄)ယောက်နဲ့ အခက်ကြုံနေတဲ့ မိခင်တစ်ဦးကို မျက်ရည်ကျလောက်အောင် ဝမ်းသာစေခဲ့ပါတယ်နော်..။

ခင်ပွန်းသေဆုံးပြီး အိမ်အလုံးလိုက်ရေထဲမျောပါသွားတဲ့ ကလေး(၄)ယောက်နဲ့ အခက်အခဲကြုံတွေ့နေရတဲ့ မိခင်တစ်ဦးကို ပိုးကြာဖြူခင်၊ စိန်လင်းနဲ့ ၊ ဒေါက်တာမြဝတ်ရည်တို့က အလှူငွေ (၅)သိန်းကို ထပ်မံလှူဒါန်းခဲ့တာ ဖြစ်ပြီး ကလေးအမေက ဝမ်းသားလွန်းလို့ အလှူငွေလက်ခံရင်း မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်နော်..။


အခုလို သွားရောက်ကူညီခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ ကြည်နူးပီတိဖြစ်စရာ အကြောင်းအရာလေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်ပြောပြထားတာလည်း တွေ့ရပါတယ်နော်..။

“ကရင်ပြည်နယ်မှာ ခင်ပွန်းကသေဆုံး အိမ်ကအလုံးလိုက်ရေထဲမျော ခလေးက ၄ ယောက် အငယ်ဆုံးကလေးက ၂လခွဲ နဲ့အခက်အခဲတွေကြုံတွေ့နေရတဲ့ မိခင်လေးတယောက် ကိုသမီး Poe Kyar Phyu Khin ၊ Sein Lin Aroma Dr မြဝတ်ရည် တို့အဖွဲ့ကတွေ့တော့ ငွေ ၅သိန်းလျူရင်းကုသိုလ်ပြုခဲ့ကြတယ်။ခလေးအမေလေးက ငွေလက်ခံရင်း မျက်ရည်တွေကျလို့တဲ့။

့သာဓု သာဓု သာဓု။..” ပါဆိုပြီး ပိုးကြာဖြူခင်က မိခင်က ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - ပိုးကြာဖြူခင်၊ အေးအေးမြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။