ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ဟာသသရုပ်ဆောင်ကတော့ ဝါရင့်ဟာသသရုပ်ဆောင်အဖြစ် ပရိသတ်တွေထဲ နေရာယူထားသူကတော့ လူရွှင်တော် မန်းဝင်းပဲ ဖြစ်ပါတယ်နော်..။

ဟာသဇာတ်ရုပ်တွေနဲ့ ရယ်စရာ ပြက်လုံးတွေကို မရိုးနိုင်အောင် တင်ဆက်ပြသခဲ့ပြီး အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို ရယ်မောဖျော်ဖြေခဲ့တဲ့ ဦးမန်းဝင်းကတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ မျက်လုံးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။


ဦးမန်းဝင်းကတော့ အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး အဝတ်အထည် အသစ်စက်စက်တွေကို လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်နော်..။

မွန်ပြည်နယ် ရေဘးသင့်ပြည်သူ ပရိသတ်တွေအတွက် ကလေးဝတ်နဲ့ အမျိုးသမီးဝတ် အဝတ်အထည်တွေ အသစ်စက်စက် (၉၉)စုံတို့ကို မြန်မာနိုင်ငံလူရွှင်တော်အသင်းနဲ့အတူလှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။


“လူရွှင်တော်အသင်း၏ ကန်တော့ခံနာယကကြီး ရုပ်ရှင်နှင့်ဗီဒီယို ဟာသရုပ်ဆောင် ဦးမန်းဝင်း မိသားစုမှ မွန်ပြည်နယ် ရေဘေးသင့် ကျေးဇူးရှင်မိဘပြည်သူ ပရိတ်သတ်များအတွက် ကလေးဝတ် မ/ဝတ် အထည်အသစ်စက်စက် 99 စုံနှင့်

အဝတ်အထည်တစ်ထုတ်အား မြန်မာနိုင်ငံလူရွှင်တော်များ အသင်းနှင့်အတူ ပူး

ပေါင်းပါဝင်လှုဒါန်းပါသည်..” ဆိုပြီး ဦးကောင်းကျော်က ပရိသတ်တွေကို အသိပေးမျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

မရှိတဲ့ကြားက အခုလို တစ်နိုင်တစ်ပိုင်လေး ပြည်သူပရိသတ်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဦးမန်းဝင်းတို့ မိသားစုလေးရဲ့ အလှူကုသိုလ်လေးတွေကို ပရိသတ်တွေကလည်း ဝမ်းသာအားရသာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo - ဦးကောင်းကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။