ပရိတ်သတ်ကြီးရေ မိတ်ကပ်လောကမှာ ဆရာတစ်ဆူအဖြစ်ရပ်တည်နေကြတဲ့ Transgender မထက်ကိုသိကြမယ်ထင်ပါတယ်...။ သူမက မိန်းကလေးအစစ်တွေတောင် အရှုံးပေးရတဲ့ ဆွဲဆောင်မှုအလှတရားကိုပိုင်ဆိုင်ထားပြီး အပြစ်ပြောစရာမရှိတဲ့ ခန္ဓာကိုယ်ကလည်း တစ်ကယ့်ကိုအမိုက်စားပင်ဖြစ်ပါတယ်...။ မိတ်ကပ်လာကမှာ အောင်မြင်ရုံတင်မက ကိုယ်ပိုင်စီးပွားရေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်...။ အနုပညာလောကထဲသို့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဝင်ရောက်လာပြီဖြစ်ပါတယ်....။

မထက်ကတော့ ခရီးသွားဝါသနာပါသူဖြစ်ပြီး အမှတ်တရပုံရိပ်တွေကိုလည်း ပရိသတ်ကြီးတို့ကြည့်ရှုခံစားဖို့အမြဲတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာအများအပြားလည်း လက်ခံရိုက်ကူးလာတာကိုတွေ့ရမှာပါ...။ "ကျားကျားကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပွဲဦးထွက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး အခုလက်ရှိမှာရုံတင်နေပြီဖြစ်ပါတယ်....။

ထိုကားလေးကို မကြီးစန်း၊ သုသု(ညီညီမောင်စမ်းချောင်း)၊ လင်းလင်းတို့နဲ့အတူ အတွဲညီစွာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်....။ မထက်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးခဲ့တာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ကိုယ့်ရှင်သန်ရပ်တည်ချက်ပေါ်မှာ... အေးချမ်းပျော်ရွှင်ဖို့ ကိုယ့်မှာတာဝန်ရှိတယ်... ဒါ့ကြောင့် ပျော်ပျော်နေမယ်...."ဆိုတဲ့ status လေးနဲ့အတူ မြန်မာဝတ်စုံလေးနဲ့ အလှပုံရိပ်တွေကိုပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Htet Htet Htet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။