ဆယ်စုနှစ်များစွာတိုင်အောင် အောင်မြင်မှုသရဖူတွေနဲ့ယနေ့ထိတိုင်အောင် ရေပန်းစားလူကြိုက်များလျက်ရှိနေသူလေးကတော့ ထိပ်တန်းမင်းသမီးလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားရုံသာမကပဲ ပရိသတ်အတွက် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ နုပျိုမှုတွေကတော့ မိန်းကလေးပရိသတ်များပါ အားကျရလောက်အောင်ပါပဲနော်။ 

သူမဟာ ရိုက်ကူးသမျှဇာတ်ကားတိုင်းကို အနုပညာကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားသူပါ။ ပရိသတ်တွေကလည်း အူဝဲရဲ့သရုပ်ဆောင်မှုတဲ့ဇာတ်ကားတိုင်းလိုလိုကို တစ်ခဲနက်အားပေးမှုတွေကြောင့် အူဝဲတစ်ယောက်အမြဲကို ကြည်နူးပီတိဖြစ်နေရတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ 

အခုတစ်ခေါက်မှာလည်း သူမရဲ့ဆယ်စုနှစ်လောက်က ငယ်ရွယ်နုပျိုမှုတွေကို အထင်းသားမြင်ရစေမယ့် ပုံရိပ်လေးတစ်ချို့ကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ အူဝဲဟာ ယနေ့ချိန်ထိ နုပျိုနေတာဟာလည်း ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါပဲနော်။ ပရိသတ်တွေအတွက် အူဝဲရဲ့ငယ်ဘဝပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Our Princess Eaindra Kyaw Zin(Eu Wae) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။