ချစ်ပရိတ်သတ်တို့ရေ... အနုပညာလောကမှာ အရင်ကအရမ်းကိုနာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ အခုအချိန်ထိလည်းပရိတ်သတ်တွေအားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသမီးချစ်စနိုးဦးကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်လည်းဖြစ်ပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်နော်။

သူမဟာအခုအချိန်မှာ ရုပ်ရှင်ဗီဒီယိုလောကနဲ့ အဆက်အသွယ်တွေပြတ်ပြီး အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိတ်သတ်တွေအရမ်းချစ် အရမ်းအားပေးခြင်းကိုခံထားရတဲ့သူတစ်ယောက်ပါနော်။ ဒာ့အပြင် သူမဟာ အချိန်ကာလတွေဘယ်လောက်ပဲပြောင်းပြောင်း ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ကျက်သရေအဖြာဖြာပြည့်စုံတဲ့ အလှကတော့ အရင်အတိုင်းပါပဲနော်။

အခုလည်း ထာဝရမပြောင်းလဲတဲ့ လှပမှုတွေနဲ့ မြန်မာဆန်ဆန်လေး လှချင်တိုင်းလှနေတာကိုတွေ့ရပြန်ပါတယ်နော်။ နန်းဆန်ဆန် မြန်မာဝတ်စုံလှလှလေးတွေကို တစ်မျိုးပြီးတစ်မျိုးဝတ်ကာ ပရိတ်သတ်တွေကို ဖမ်းစားခဲ့ပြန်ပါတယ်နော်။ ဇာတ်ကားတွေမှာ မတွေ့တာကြာပြီဆိုပေမယ့် အရင်ကအတိုင်း ဆယ်ကျော်သက်လေးလို မပြောင်းလဲတဲ့အလှတရားတွေကတော့ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်နော်။ကဲ... မြန်မာဆန်ဆန်ဖက်ရှင်လေးတွေနဲ့ လိုက်ဖက်စွာလှပလို့နေတဲ့ ချစ်စနိုးဦးရဲ့ ပုံရိပ်လှလှလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Chit Snow Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။